November 14, 2019

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းမှုမှာ ညာမောင်းယာဉ်တွေ တင်သွင်းခွင့်မရှိတော့ဘူးဆိုတဲ့ ကြေညာချက်ကြောင့် လက်ရှိမှာလိုင်စင်ပါမစ်လျှောက်ထားမှု သိသိသာသာလျော့ကျလာတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ပြည်ပနိုင်ငံက ညာမောင်းယာဉ်တွေ တင်သွင်းခွင့်ရှိတဲ့နှစ်တွေက ကားတင်သွင်းခွင့်လိုင်စင်ပါမစ်လျှောက်ထားမှုမှာ တစ်လကို အစောင်ရေ ထောင်ချီအထိရှိခဲ့ပေမယ့် ၂၀၁၈ မေလ ကစပြီးကားတင်သွင်းလိုင်စင်လျှောက်ထားမှုလျှော့နည်းလာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာဆို လျှောက်ထားမှုလိုင်စင် ၃၀ ကျော်သာရှိတော့တာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန တာဝန်ရှိသူတစ်ဉီးက

“အရင်နှစ်တွေတုန်းက ညာမောင်းကားသွင်းလို့ရတဲ့အတွက် ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားတာထောင်ဂဏန်းအထိရှိတယ်။ နောက်ပိုင်း ဘယ်မောင်းကားဆိုတော့ သိပ်မရှိတော့ဘူး။ ပြီးခဲ့တဲ့လတွေမှာ တစ်လကို လိုင်စင် အစောင် ၃၀ ကျော် လောက်ပဲရှိတော့တယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

အခုလို ဘယ်မောင်းကားတွေသာ တင်သွင်းရမယ်ဆိုတဲ့ ကားတင်သွင်းခွင့်မော်ဒယ်သတ်မှတ်ချက်ကြောင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ကားတွေ ဝင်ရောက်လာမှာဖြစ်ပြီး ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားမှု ပိုမိုနည်းပါးလာနိုင်တယ်လို့လဲသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories