December 10, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာ e-Power နည်းပညာနဲ့ Environmental Award ကို ဂျပန်မှာသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို တော့ဒီနေ့မှာပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ e-Power နည်းပညာဟာ လျှပ်စစ်သီးသန့်ကားတွေနဲ့တော်တော်များများတူညီပါတယ်။ ကားရဲ့ရုန်းအား၊ စီးနှင်းတဲ့အခါမှာဖြစ်ပေါ်တဲ့ခံစားမှု အစရှိတာတွေပေါ့။

   ဒါပေမယ့် အဓိကမတူညီတဲ့အချက်ရှိပါတယ်။ အဲ့တာကတော့ e-Power ကားတွေရဲ့ လောင်စာဟာ ဓာတ်ဆီဖြစ်နေတာပါပဲ။ ဓာတ်ဆီကိုအသုံးပြုတဲ့ကားဖြစ်နေပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လုပ်မှုဟာသိသိသာသာလျော့နည်းနေတာကြောင့် အခုလိုမျိုး Environmental Award ကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်တစ်ခုက e-Power ပါဝင်တဲ့ကားဟာ တခြားဓာတ်ဆီကားတွေထက်လောင်စာကုန်ခမ်းမှုက ၃၀ ရာခိုင်နှုန်းအထိသက်သာပါတယ်။

E-Power System

Nissan အနေနဲ့ E-Power ကိုတော့ ၂၀၁၆ က Nissan Note မှာစတင်ထည့်သွင်းမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ Nissan note e-Power ဟာရောင်းအားအကောင်းဆုံးကားတစ်စီးအဖြစ်ရပ်တည်လာပါတော့တယ်။ နောက်တစ်ခုက Nissan note ရဲ့ accelerator pedal ဟာ အရှိန်အနိမ့်အမြင့်ကို ထိန်းချုပ်နိုင်တာကြောင့် Leaf ရဲ့ E-pedal နဲ့တူနေတာကိုတွေ့ရမှာပါ။ E-Power ကို မကြာခင်မှာပဲ Nissan ရဲ့ Serena Minivan မှာထပ်မံမြင်တွေ့ရဉီးမှာဖြစ်ပါတယ်။ 

Nissan note e-Power

Energy Conservation Center Japan (ECCJ) ကလည်း Nissan ရဲ့ e-Power ကို ၂၀၁၇ အတွက် Energy Conservation Grand Prize ကိုချီးမြှင့်မှာဖြစ်ပါတယ်။ ဆုပေးပွဲကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တိုကျိုမြို့ရဲ့ Big Sight မှာကျင်းပသွားမှာပါ။

၂၀၂၀ ကျော်လောက်ကစပြီး လျှပ်စစ်ကားသီးသန့်ထုတ်တော့မယ့် Nissan ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Infiniti ဟာလည်း E-Power နည်းပညာကိုအသုံးပြုပြီး Low Emission ကားတွေကို Brand တစ်ခုအဖြစ်ရောင်းချဖို့ အစီအစဉ်ဆွဲနေတာလည်းဖြစ်ပါတယ်။ ဒီအတိုင်းသာဆိုရင် နောက်ပိုင်းမှာ Low emission ဖြစ်တာချင်းတူတဲ့ E-Power ကားနဲ့ Electric ကားတွေကိုသာ အပြိုင်မြင်တွေ့ရတော့မယ်လို့ပဲဆိုရမှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories