November 14, 2019

We ❤️ New Cars!

New Car News in Burmese

Nissan ဟာတော့ Intelligent fram-based SUV အမျိုးအစား Terra ကားအသစ်ကြီးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ချပြမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ All-new Terra ဟာ Engine performance ပိုင်းမှာဆိုရင် အကောင်းဆုံး Class မှာပါဝင်ပြီး ကျယ်ဝန်းလှတဲ့ကားအတွင်းပိုင်းနဲ့ ထိုင်ခုံ ၇ ခုံပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Advanced Nissan Intelligent Mobility technologies ကိုလည်း ထည့်သွင်းပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့လိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့ ကျယ်ဝန်းလှတဲ့နေရာအနေအထားတွေကြောင့် Nissan Terra အသစ်နဲ့ ဆိုရင် ဘယ်လိုခရီးမျိုးကိုမဆို ယုံကြည်ချက်အပြည့်နဲ့ သွားရောက်နိုင်တယ်လို့လဲ Nissan ကအာမခံထားပါတယ်။

အခုလို Terra ကားအသစ်နဲ့ပတ်သက်ပြီး Nissan Thailand ရဲ့ president ဖြစ်သူ Antoine Barthes ဆိုသူက

“ကျွန်တော်တို့ရဲ့ Terra အသစ်ဟာဆိုရင် ဘယ်လိုလမ်းမျိုးမဆို၊ ဘယ်လိုရာသီဉတုမျိုးမဆို မောင်းနှင်နိုင်မှာပါ။ ကျွန်တော်တို့ Nissan ရဲ့ ရှေ့ပြေး SUV အမျိုးအစားတွေလိုပဲ အကြမ်းခံတယ်၊ ဒီဇိုင်းပိုင်းကခေတ်မှီတယ်၊ တခြားကားတွေအားလုံးကို ယှဉ်ပြိုင်နိုင်တဲ့ စီးရတာသက်သောင့်သက်သာရှိမှု ကိုရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို Terra အသစ်ကြီးကို အရှေ့တောင်အာရှမှာ တိုးတက်အောင်ဖန်တီးတဲ့နေရာနဲ့ ထုတ်လုပ်တဲ့နေရာဖြစ်တဲ့ Thailand မှာမိတ်ဆက်ချပြခွင့်ရတာကြောင့် ဂုဏ်ယူမိပါတယ်။”

လို့လဲပြောကြားခဲ့တာဖြစ်ပါတယ်။

All-new Terra ဟာဆိုရင် နှစ် ၆၀ ကျော် Nissan SUV တွေရဲ့ အမွေကိုဆက်ခံထားတဲ့ ကားဖြစ်ပြီး 2.3-L Twin-turbo ဒီဇယ်အင်ဂျင်ကိုမှ Seven-speed automatic transmission နဲ့ရောက်ရှိလာတာပဲဖြစ်ပါတယ်။ အဲ့တာတွေကြောင့် Terra ဟာ Acceleration performance ပိုင်းမှာလည်း တော်တော်လေးကောင်းမွန်တဲ့အနေအထားတစ်ခုပါ။ ဒါ့အပြင် Terra ဟာ Nissan M.O.V.E 2022 ဆိုတဲ့ business mid-term plan ကိုလည်း ခြေလှမ်းနောက်တစ်လှမ်းရောက်ရှိအောင် ပို့ဆောင်ပေးလိုက်တာလည်းဖြစ်တယ်လို့ Nissan ကဆိုထားပါတယ်။

Source

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories