September 25, 2018

We ❤️ New Cars!

New Car News in Burmese

၂၀၁၈ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကျင်းပမယ့် Tokyo Auto Salon 2018 မှာတော့ Nissan အနေနဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ကား model ၁၅ မျိုးကိုပြသသွားတော့မှာဖြစ်ပါတယ်။ Tokyo Auto Salon 2018 ကိုကျင်းပမယ့်နေရာကတော့ ဂျပန်မှာရှိတဲ့ Makuhari Messe မှာပဲဖြစ်ပါတယ်။ New Nissan Leaf, NV 350 Caravan, X-Trail အစရှိတဲ့ကား Model အပြင် စိတ်ဝင်စားစရာကောင်းတဲ့ကား model အချို့ကို Grand Touring Concept ကျင်းပပြီးပြသသွားမှာပါ။ ဒါ့အပြင် Nissan Fairlady Z Heritage Edition model, Nissan ရဲ့ လက်အောက်က Company တစ်ခု ဖြစ်တဲ့ Nismo ရဲ့ စွမ်းဆောင်ရည်မြင့်မားလှတဲ့ကားတွေ ကိုလည်းပြသသွားမှာဖြစ်ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်း တဲ့ ကား model ကတော့ 2016 GT500 MOTUL AUTECH GT-R ပဲဖြစ်ပါတယ်။ ပြိုင်ကားအမျိုးအစားဖြစ်ပြီး ၂၀၁၄ နဲ့ ၂၀၁၅ ရဲ့ GT500 championship ဆုကိုရရှိခဲ့တဲ့ Model လည်းဖြစ်ပါတယ်။

 

Exhibits:
– Nissan LEAF Grand Touring Concept
– Nissan NV350 Caravan Grand Touring Concept
– Nissan X-Trail Grand Touring Concept
– Nissan Fairlady Z Heritage Edition
– Nissan Elgrand Special Edition
– Nissan Note e-POWER C-Gear
– Nissan Serena e-POWER AUTECH Concept
– Nissan Note e-POWER AUTECH Concept
– Nissan X-Trail AUTECH Concept
– Nissan Serena NISMO
– Nissan LEAF NISMO
– Nissan Note e-POWER NISMO (equipped with NISMO sports parts)
– Nissan GT-R NISMO
– Nissan X-Trail (NISMO Performance Package)
– MOTUL AUTECH GT-R (participated in the 2016 Super GT GT500)
Source :nissan-global.com

အပေါ်မှာဖော်ပြထားတာကတော့ Tokyo Auto Salon 2018 မှာပြသသွားမယ့် Nissan ရဲ့စိတ်ဝင်စားစရာ ကား model ၁၅ မျိုးဖြစ်ပါတယ်။ ကား Model တွေကိုပဲပြသမှာမဟုတ်ပဲ  Talk Show လည်းပါဝင်သေးတာမို့ ဗဟုသုတ ရရှိစေမှာလည်းဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ Tokyo Auto Salon ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ link ကနေဝင်ရောက်စုံစမ်းနိုင်မှာပါ။

tokyoautosalon.jp

အဲ့ဒီ link ထဲမှာ Tokyo Auto Salon 2018  နဲ့ပတ်သက်တဲ့ လက်မှတ်၊ အချိန်၊ အကြောင်းအရာ အစရှိတာတွေစုံစုံလင်လင်ပါဝင်တာကြောင့် မိတ်ဆွေအတွက်အဆင်ပြေစေမှာပါ။

 

 

 

 

 

 

 

 

 

 

 

 

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories