December 10, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာတော့ Semi-autonomous driving system တစ်ခုဖြစ်တဲ့ ProPILOT technology ကို မော်ဒယ်အသစ်ကားတွေမှာ ထပ်မံထည့်သွင်းသွားဖို့ရှိနေတယ်လို့ Nissan ရဲ့ CEO Hiroto Saikawa ပြောကြားခဲ့တာဖြစ်ပါတယ်။ Nissan ဟာလက်ရှိမှာတော့ ProPILOT technology ကို ကားအစီးရေ ၁ သိန်း ၂ သောင်းကျော်မှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာဖြန့်ချီရောင်းချပြီးနေပါပြီ။

ProPILOT technology ဆိုတာ..?

ProPILOT (Professional Pilot) ကတော့ ကားမောင်းနှင်သူကို ထောက်ပံ့ပေးတဲ့ System တစ်ခုပါ။ သွားရာလမ်းကြောင်းကိုထိန်းကျောင်းပေးတာတို့၊ မီးပွင့်အခြေအနေကိုကြည့်ပြီး ရပ်တာ/သွားတာတို့၊ ကားရဲ့အရှိန်နှုန်းအနည်းအများကို ထိန်းချုပ်ပေးတာတို့၊ ရှေ့ကားနဲ့မညိအောင် အကွာအဝေးသတ်မှတ်ပေးတာတို့ အစရှိတာတွေကို အလိုအလျှောက်လုပ်ဆောင်ပေးသွားမယ့် Technology ပဲဖြစ်ပါတယ်။ ProPILOT ဟာလက်ရှိမှာ Nissan Intelligent Mobility ရဲ့အထင်ရှားဆုံး Technology တွေထဲကတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတာလဲဖြစ်ပါတယ်။

Nissan အနေနဲ့ ProPILOT Technology ကို ၂၀၁၆ ခုနှစ် ဂျပန်မာကတ်က minivan အမျိုးအစားဖြစ်တဲ့ Nissan Serena မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ကနေမှ တဖြည်းဖြည်းနဲ့ လျှပ်စစ်သီးသန့်ဖြစ်တဲ့ Nissan Leaf, Euro မာကတ်က Nissan Qashqai, ဂျပန်မာကတ်က X-Trail အစရှိတဲ့ယာဉ်တွေမှာ ထည့်သွင်းမိတ်ဆက်လာခဲ့တာပါ။ U.S မာကတ်က Nissan Rouge Sport, ကန်နေဒါမာကတ်က Nissan Qashqai, Sedan အမျိုးအစားဖြစ်တဲ့ 2019 Nissan Altima အစရှိတဲ့ကားတွေအပါအဝင် ကားမော်ဒယ်အမျိုးအစား ၂၀ ကို 2020 နှစ်ကုန်ခါနီးလောက်မှာ ProPILOT technology ထည့်သွင်းရောင်းချသွားဖို့ အစီအစဉ်ဆွဲထားတာပဲဖြစ်ပါတယ်။

ProPILOT technology ကိုမော်ဒယ်အသစ်တွေမှာထည့်သွင်းမိတ်ဆက်မှုနဲ့ပတ်သက်ပြီး Nissan ရဲ့ Chief Planning officer ဖြစ်သူ Philippe Klein ဆိုသူက

“ProPILOT ဆိုတာကျွန်တော်တို့ Nissan Intelligent Mobility မှာထင်ရှားလှတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ သုံးစွဲသူတော်တော်များများရဲ့ ထောက်ခံအားပေးမှုကို ထင်ထားတာထက်ပိုမိုရရှိထားတာကြောင့် ကျွန်တော်တို့အနေနဲ့ အခုလို ProPILOT Tech ကိုမော်ဒယ်အသစ်တွေမှာတိုးချဲ့ထည့်သွင်းရတာကျေနပ်ဝမ်းသာလှပါတယ်။”
Source: nissan-global.com

လို့ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာပါပဲ…..

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories