August 19, 2018

We ❤️ New Cars!

New Car News in Burmese

အခုဆိုရင် စက်ရုံအသိမှတ်ပြု suspension lift kit ကိုထုတ်လုပ်နိုင်တဲ့ Automaker ဟာ Jeep တစ်ခုတည်းမဟုတ်တော့ပဲ Nissan ပါ ပါဝင်လာပြီဖြစ်ပါတယ်။ Nissan အနေနဲ့ TITAN နဲ့ TITAN XD တို့အတွက် lift kit ဖန်တီးမှုဟာ ဒါပထမဉီးဆုံးအကြိမ်ပါပဲ။

  NIssan ဟာ lift kit ကိုတော့ကယ်လိုဖိုးနီးယားမှာရှိတဲ့ ICON Vehicle Dynamics နဲ့အတူဖန်တီးတာဖြစ်ပြီး လက်ရှိမှာတော့ TITAN နဲ့ TITAN XD Crew Cab 4×4 models တွေအတွက်ပဲ ဖန်တီးရသေးတာဖြစ်ပါတယ်။ TITAN နဲ့ TITAN XD Crew Cab တို့အတွက် Suspension lift kit ကိုတော့ ၂၀၁၈ နွေဉီးကာလအစပိုင်းလောက်မှာ မြင်တွေ့ရမှာပါ။ Lift kit တပ်ဆင်လိုက်ရင်တော့ TITAN ဟာ မြေပြင်ကနေ ၃ လက်မအနေအထားလောက်မြင့်တက်သွားမယ်လို့လဲဆိုထားပါတယ်။  

Suspension lift kit တပ်ဆင်ထားသော Nissan TITAN XD

“We worked with ICON, a proven name in suspension lift-kit engineering, to develop the first kits to be offered through our Nissan dealer network,” said Billy Hayes, division vice president, LCV and Trucks, Nissan North America, Inc.
Source :nissannews.com

ဒီ lift kit ဟာ Nissan ရဲ့ပထမဉီးဆုံး lift kit ဖြစ်ပြီး Nissan ရဲ့အရောင်းကိုယ်စားလှယ်အားလုံးစီဖြန့်သွားမယ်ဆိုတဲ့အကြောင်းကိုမြောက်အမေရိကန် Nissan LCV နဲ့ Trucks ရဲ့ Vice President ဖြစ်သူ Bily Hayes ကလည်းပြောကြားထားတာဖြစ်ပါတယ်။

ICON နဲ့ပူးပေါင်းဖန်တီးထားတဲ့ Lift kit ဟာတော့ တပ်ဆင်ရတာလွယ်ကူမှာဖြစ်သလို အနိမ့်အမြင့်ကိုလည်း မိမိစိတ်ကြိုက်လွယ်လွယ်ကူကူကစားသွားနိုင်မှာဖြစ်ပါတယ်။ 2018 TITAN နဲ့ TITAN XD တို့ဟာ America’s Best Truck Limited Warranty ထဲမှာပါဝင်ပြီး ၅ နှစ်အတွင်းမှာ မိုင် ၁ သိန်းအထိမောင်းနိုင်မှာဖြစ်တယ်လို့ အာမခံထားပါသေးတယ်။ TITAN တွေအတွက် Lift kit ဖြစ်လာမှုမှာ ICON Vehicle Dynamics ရဲ့ကျေးဇူးတွေကလည်းအများကြီးပါဝင်တယ်လို့ဆိုရမှာပါ။ 

New Models

Leave a Reply

Your email address will not be published. Required fields are marked *