December 12, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာ Zero Emission EV အမျိုးအစားဖြစ်တဲ့ Sylphy ကို ပေကျင်းမြို့မှာကျင်းပလျက်ရှိတဲ့ Auto China 2018 မှာချပြလိုက်ပြီဖြစ်ပါတယ်။ Sylphy ဟာတော့ ဂျပန်မှာ ပထမဉီးဆုံး ထုတ်လုပ်မယ့် Nissan ရဲ့ Electric Car ပါ။

Nissan ရဲ့ Sylphy မော်ဒယ်အသစ်ကြီးကို ၁၀၀ ရာခိုင်နှုန်း Electric powertrain နဲ့ပြုလုပ်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းကတော်တော်လေးမိုက်မှာပါ။ ကားကို မြင့်မားတဲ့နည်းပညာတွေနဲ့ဖွဲ့စည်းထားသလို ကားရဲ့ အတွင်းပိုင်း ကလည်းကျယ်ကျယ်ဝန်းဝန်းဖြစ်နေတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ကားကို ၃၃၈ ကီလီုမီတာ drive range အထိမောင်းနှင်နိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။

ချပြမိတ်ဆက်လိုက်တဲ့ Sylphy မော်ဒယ်အသစ်နဲ့ပတ်သက်ပြီး Nissan ရဲ့ Chief Performance Officer (CPO) က

“Zero Emission vehicle ဖြစ်တဲ့ Sylphy ဟာတော့ Nissan electrification strategy ရဲ့ နောက်တစ်ဆင့်ကို ကိုယ်စားပြုပါတယ်။ Sylphy အသစ်လေးဟာ တရုတ်မာကတ်မှာ အများအပြားထုတ်လုပ်ရောင်းချသွားမယ့် Nissan ရဲ့ပထမဉီးဆုံး EV ပဲဖြစ်ပါတယ်။ ဒါ့အပြင် Slyphy မော်ဒယ်အသစ်ဟာ ကျွန်တော်တို့ နောက် ၅ နှစ်အတွင်းမှာထုတ်လုပ်မယ့် လျှပ်စစ်ကားမော်ဒယ်တွေထဲကတစ်ခုလည်းဖြစ်တယ်။”
Source: newsroom.nissan-global.com

လို့ပြောကြားခဲ့တာပါ။

Nissan ရဲ့ Electric Vehicle ကို နှစ် ၇၀ ကျော်အချိန်ပေးလေ့လာ ဖန်တီးမှု၊ ဘက်ထရီနည်းပညာကို ၂၅ နှစ်ကျော် လေ့လာဖန်တီးထုတ်လုပ်မှု၊ Nissan Leaf ကိုအစီးရေ ၃ သိန်းကျော်ထုတ်လုပ်မှု အစရှိတာတွေကနေရခဲ့တဲ့ အတွေ့အကြုံတွေအားလုံးကို အသုံးချပြီး Sylphy မော်ဒယ်အသစ်ကြီးကို ဖန်တီးခဲ့တာကြောင့် အရေအသွေးပိုင်းကတော့ စိတ်ချနိုင်လောက်တဲ့အဆင့်အထိရှိနေမှာ အသေအချာပါပဲ။ Sylphy ရဲ့ feature ပိုင်းတော့ သေချာမသိသေးပေမယ့် နည်းပညာပိုင်းတော်တော်များများကတော့ Nissan Leaf ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ (Leaf ဟာလက်ရှိမှာ ကမ္ဘာ့ရောင်းအားအသွက်ဆုံး EV အဖြစ်တည်ရှိနေပါတယ်။)

Nissan Sylphy ကိုတော့ ၂၀၁၈ အနှောင်းပိုင်းလောက်မှ စတင်ရောင်းချသွားမှာဖြစ်မယ်လို့သိရပါတယ်။ ကားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကတော့ မကြာခင်အချိန်မှာပဲထွက်ရှိလာမှာဖြစ်ပါတယ်။ ပေကျင်းမြို့မှာ Slyphy ကိုချပြမိတ်ဆက်ခဲ့တဲ့ ဗီဒီယိုကတော့ အောက်မှာပါ။ အချိန်နဲ့ ဘေလ်လေးတွေများရှိကြရင် တစ်ပါးတည်းကြည့်ရှု့သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories