November 18, 2018

We ❤️ New Cars!

New Car News in Burmese

Nissan အနေနဲ့ ProPILOT (Professional Pilot ) Assist autonomous driving technology ပါဝင်တဲ့ vehicle ပေါင်း ၇၅၀၀၀ ကျော် ရောင်းချနိုင်ခဲ့တဲ့အကြောင်းကို ဒီနေ့မှာပဲကြေညာခဲ့တာဖြစ်ပါတယ်။ ProPILOT  Tech ကတော့မောင်းသူမဲ့ နည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။ ProPILOT vehicle တွေမှာ Image-processing technology ထည့်သွင်းထားတာကြောင့် လမ်းအခြေအနေကိုလိုက်ပြီး ကွေ့တာတွေ၊ မီးပွင့်အခြေအနေကိုလိုက်ပြီးရပ်တာတွေ အစရှိတာတွေကို အလိုအလျောက် လုပ်ဆောင်ပေးမှာပါ။ အဲ့လိုနည်းပညာကောင်းတွေပါဝင်နေတာကြောင့် မောင်းသူတွေအနေနဲ့ လုံခြုံမှုရှိသလို စိတ်ကျေနပ်မှုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

ProPILOT Tech ဟာအသုံးပြုရလွယ်ကူပြီး Activate နဲ့ Deactivate ကိုလွယ်လွယ်ကူကူလုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ Activate လုပ်ပြီးအသုံးပြုနေချိန်ဆို မောင်းသူမပါရင်တောင် လူတစ်ယောက်မောင်းနေသလို ခံစားနေရမှာပါ။

“ProPILOT is a breakthrough technology and an important building block for fully autonomous vehicles under our Nissan Intelligent Mobility vision,” said Nissan executive vice president Daniele Schillaci. “It delivers a much more exciting drive, so it’s no surprise that it has received such strong, early customer acceptance. ProPILOT is another example of how we’re delivering exciting technologies today through Nissan Intelligent Mobility that will move everyone to a better world.”
Source :newsroom.nissan-global.com

အပေါ်မှာဖော်ပြထားတာကတော့ Nissan Intelligent Mobility ရဲ့မြင့်မားတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ ProPILOT Tech Vehicle တွေရဲ့အောင်မြင်မှုအပေါ် Daniele Schillaci ရဲ့ပြောကြားချက်တွေပဲဖြစ်ပါတယ်။ Daniele Schillaci ကတော့ Nissan ရဲ့ executive vice president တစ်ဉီးပါ။

Nissan အနေနဲ့ ProPILOT tech ပါဝင်တဲ့ vehicle ကို ၂၀၁၆ သြဂုတ်လကတည်းက ဂျပန်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Vehicle ကတော့ Nissan Serena minivan ပါ။ ProPILOT tech ကို ၂၀၁၇ မှာတော့ Nissan X-Trail နဲ့ The new Nissan LEAF မှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ Nissan ဟာ ProPILOT tech ပါဝင်တဲ့ vehicle တွေကိုဂျပန်မှာတင်ပဲ ၇၂၀၀၀ ကျော်ရောင်းချနိုင်ခဲ့တာပါတယ်။ မကြာခင်မှာပဲ U.S မှာရှိတဲ့ The new Nissan LEAF နဲ့ Europe မှာရှိတဲ့ Nissan Qashqai တို့မှာ ProPILOT Assist ပါဝင်လာတော့မှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: