North America Nissan ဟာတော့ မီးဘေးအန္တရာယ်အထိကြုံတွေ့နိုင်တဲ့ Anti-lock brake pump ပြဿနာကြောင့် ကနေဒါ က Vehicle ပေါင်း ၁ သိန်း ၉ သောင်းကျော်အပါအဝင် U.S မှာရှိတဲ့ Vehicle ပေါင်း ၂ သိန်း ၁ သောင်းကျော်ကို ပြန်လည်သိမ်းယူနေပြီဖြစ်တယ်လို့သိရပါတယ်။
ပြဿနာကတော့ Anti-lock brake pump ရဲ့ seal ကစတာပါ။ Brake pump ရဲ့ seal ကနေ ဘရိတ်ဆီတွေထွက်လာနိုင်ပြီး ကားအတွင်းပိုင်းက Circut board တွေကိုရောက်ရှိပြီး electrical short တွေနဲ့ မီးလောင်တဲ့အထိပါဖြစ်နိုင်တာကြောင့်လို့သိရပါတယ်။ Nissan ပြန်လည်သိမ်းယူတဲ့ကားတွေမှာတော့ ၂၀၁၅-၁၇ Nissan Muranos, ၂၀၁၆-၁၇ Nissan Maximas, ၂၀၁၇-၁၈ Nissan Pathfinders နဲ့ ၂၀၁၇ Infiniti QX60s အစရှိတဲ့ မော်ဒယ်တွေပါဝင်နေတယ်လို့ Safety Recall Report အရသိရပါတယ်။
Automaker ဖြစ်တဲ့ Nissan ဟာ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကားပိုင်ရှင်တွေကို ကားပါကင်ထိုးတဲ့အခါပြင်ပနေရာမှာထိုးဖို့ နဲ့ တတ်နိုင်ရင် တခြား Vehicle (သို့) Vehicle နဲ့သက်ဆိုင်ရာအစိတ်အပိုင်းတွေနဲ့ ဝေးရာမှာ ရပ်နားဖို့ကို သတိပေးထားကြောင်းလည်းသိရပါတယ်။ Safety Recall Report မှာပါဝင်တဲ့ ကားမော်ဒယ်ပိုင်ရှင်တွေကို သတိပေးတာပဲဖြစ်ပါတယ်။ အဲ့လိုဖြစ်ဖို့ အကြောင်းဖန်ပြီဆိုရင် ကားရဲ့ ABS warning မီးက လင်းလာမှာဖြစ်တယ်လို့လဲသိရပါတယ်။
Dealerships တွေအနေနဲ့လည်း အခုလိုဖြစ်နေတဲ့ယာဉ်တွေရဲ့ ABS actuator တွေကို serial နံပါတ်တွေအရစစ်ဆေးပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ range အတွင်းမှာဆိုရင် Brake pump ကိုလဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ Anti-lock brake pump ပြဿနာကြောင့် သေဆုံးသူမရှိသလို ဒဏ်ရာရထားသူလည်း မရှိသေးပါဘူးလို့ Nissan ကဆိုထားကြောင်းလည်းသိရပါတယ်။