June 21, 2018

We ❤️ New Cars!

New Car News in Burmese

Leaf EV အတွက်ဖန်တီးထားတဲ့ Nissan ရဲ့ ၁၀၀ ရာခိုင်နှုန်းလျှပ်စစ်နည်းပညာကိုတော့ ဖေဖော်ဝါရီလအတွင်းမှာပဲ လျှပ်စစ်ဘက်စ်ကားတွေမှာ စမ်းသပ်အသုံးပြုတော့မှာဖြစ်ပါတယ်။ Detroit Auto Show မှာ “2018 FIPA Green Car of the Year” ဆုကို ရရှိခဲ့တာကိုကြည့်ရင် Nissan Leaf ဟာလျှပ်စစ်နည်းပညာအပိုင်းမှာပေါ့သေးသေး မဟုတ်တာကိုသိရှိနိုင်မှာပါ။

လျှပ်စစ်ဘက်စ်တွေ စမ်းသပ်အသုံးပြုမယ့်စီမံကိန်းကို Kumamoto University ကဉီးဆောင်တာဖြစ်ပြီး နည်းပညာအပိုင်းကို Nissan ကကူညီပေးမှာဖြစ်ပါတယ်။ လျှပ်စစ်ဘက်စ်တွေကိုတော့ “Yoka ECO Bus”  လို့အမည်ပေးထားပြီး လျှပ်စစ်မော်တာသုံးလုံးနဲ့ Inventer တစ်လုံးပါဝင်မှာပါ။ မော်တာနဲ့ Inventer တွေကိုတော့ Nissan leaf ရဲ့နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။ Yoka ECO Bus တွေကိုတော့ ဖေဖော်ဝါရီလအတွင်းမှာ ဂျပန်ရဲ့အနောက်ပိုင်းမှာရှိတဲ့ Kumamoto မှာစတင်စမ်းသပ်သုံးစွဲဖို့အစီအစဉ်ချပြီးနေပါပြီ။

“We hope to improve Japan’s environment by standardizing the manufacturing of EV buses with help from the know-how of automakers,” said Toshiro Matsuda, an associate professor at Kumamoto University and the project’s leader. “Our goal is to develop EV buses that are well-balanced in terms of being friendly to the environment and having low development costs.”
Source :newsroom.nissan-global.com

အပေါ်မှာဖော်ပြထားတာကတော့ Toshiro Matsuda ဆိုသူရဲ့လျှပ်စစ်ကား စီမံကိန်းတွေအပေါ်ပြောကြားချက်တွေပဲဖြစ်ပါတယ်။ Toshiro Matsuda ကတော့ ဒီစီမံကိန်းကိုဉီးဆောင်သူဖြစ်သလို Kumamoto University ရဲ့ပါ Professor တစ်ဉီးလည်းဖြစ်ပါတယ်။

ကားအကြီးတွေဖြစ်တဲ့ ဘက်စ်ကားတို့ ထရက်ကားတို့က လေထုကိုညစ်ညမ်းစေတဲ့ဓာတ်ငွေ့တွေကို တခြားကား တွေထက်ပိုပြီးထုတ်လွှတ်ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ ဒီစီမံကိန်း ကိုစတင်ခဲ့တာဖြစ်ပါတယ်။ ဘက်စ်မှ မဟုတ်ပါဘူး၊ လေထုညစ်ညမ်းမှုကိုကာကွယ်ဖို့အတွက် နောက်ပိုင်းထွက်မယ့်ကားတွေကလည်း လျှပ်စစ်စွမ်းရည်သုံးကား တွေပဲဖြစ်တော့မှာပါ။ အခုလက်ရှိလျှပ်စစ်နည်းပညာမှာ Nissan ဟာဉီးဆောင်သလိုရှိနေပါတယ်။ အဲ့လိုအခြေအနေကြောင့်လည်း Toshiro Matsuda ဟာစီမံကိန်းအတွက် လျှပ်စစ် နည်းပညာအပိုင်းကို Nissan ဆီက အကူအညီယူတယ်လို့ပဲဆိုရမှာပါ။

Yoka ECO Bus

ဒီစီမံကိန်း စမ်းသပ်သုံးစွဲမှုအဆင့်မှာ အောင်မြင်သွားရင် Nissan ရဲ့ဂုဏ်သတင်းက ပိုပြီးကျော်ကြားလာမှာပါ။ အောင်မြင်မှုရရှိပြီးရင် ဆက်လှမ်းမယ့် Nissan ရဲ့ဉီးတည်ချက်ကိုတော့ စိတ်ဝင်စားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories