May 23, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာ EV တွေမှာ တော်တော်လေးမိုက်နေတဲ့ Nissan Leaf ကိုစတင်ထုတ်လုပ်တဲ့အချိန်ကစပြီး အခုအချိန်အထိဂျပန်နိုင်ငံမှာတင် အစီးရေစုစုပေါင်း ၁ သိန်းကျော်အထိရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။

Nissan အနေနဲ့ Leaf ရဲ့ First generation ကို ၂၀၁၀ ခုနှစ်ကစတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး ကမ္ဘာ့ပထမဉီးဆုံး ထုတ်လုပ်မှုအများဆုံး EV အဖြစ်ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလ မှာတော့ ပြုပြင်မွမ်းမံမှုတွေသေသေချာချာပြုလုပ်ထားတဲ့ Nissan Leaf generation အသစ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Leaf generation အသစ်ကတော့ Zero emission EV အမျိုးအစားဖြစ်ပြီး Nissan intelligent Mobility ကိုကိုယ်စားပြုနေတဲ့ Technology တွေပါဝင်နေတာလည်းဖြစ်ပါတယ်။ ProPILOT autonomous driving, ProPILOT Park နဲ့ e-Pedal အစရှိတဲ့ Nissan Intelligent Mobility ကို ကိုယ်စားပြုတဲ့ Tech တွေပါဝင်နေတာပါ။

First-generation Nissan Leaf

 

New generation Nissan Leaf

ပြည်ပမှာသာမက အမိမြေ ဂျပန်နိုင်ငံမှာပါ အစီးရေ ၁ သိန်းကျော်အထိရောင်းချနိုင်ခဲ့တဲ့ Nissan Leaf နဲ့ပတ်သက်ပြီး Nissan ရဲ့ Senior Vice President ဖြစ်သူ Asako Hoshino က

“ကျွန်တော်တို့ အနေနဲ့ Nissan Leaf ကိုအမိမြေဖြစ်တဲ့ ဂျပန်နိုင်ငံမှာတင် ၁ သိန်းကျော်အထိရောင်းချနိုင်ခဲ့နိုင်တာကြောင့် ကျွန်တော်တို့တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ အခုလိုရရှိခဲ့တဲ့ ရလဒ်ဟာလည်း ကျွန်တော်တို့ကားအသစ်လေးကိုကောင်းချီးပေးခဲ့တဲ့ သုံးစွဲသူတွေရဲ့အကူအညီမပါပဲမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ Nissan အဖွဲ့အစည်းအနေနဲ့ သုံးစွဲသူတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာအောင် Nissan Intelligent Mobility ကိုပိုမိုကြိုးစားသွားမှာပါ”
Source: nissan-global.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Nissan Leaf generation အသစ်ရဲ့ဖွဲ့စည်းပုံ၊ ဒီဇိုင်းပိုင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က ဗီဒီယိုလေးကို အချိန်ပေးပြီးကြည့်သွားဖို့တော့လိုအပ်ပါလိမ့်မယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories