October 18, 2018

We ❤️ New Cars!

New Car News in Burmese

Nissan EV အမျိုးအစား Leaf အသစ်ဟာတော့ Europe မှာစတင်ရောင်းချတဲ့ ပြီးခဲ့တဲ့နှစ်ကနေ အခုထိတစ်နှစ်တာအတွင်း အစီးရေ ၂ သောင်း ၆ ထောင်အထိရောင်းချထားနိုင်ခဲ့ပြီး Europe မာကတ်ရဲ့ EV sales မှာဉီးဆောင်မှုရရှိနေတာဖြစ်တယ်လို့သိရပါတယ်။ Nissan Leaf အသစ်ဟာဆိုရင် Austria, France, Germany, Netherlands, Portugal, Spain အစရှိတဲ့ Europe မာကတ်တွေမှာရောင်းချအခြေအနေတိုးတက်လာခဲ့တာဖြစ်ပြီး Norway မှာဆိုရင် တခြား Electric နဲ့ Combustion-powered မော်ဒယ်တွေထက်သာလွန်ပြီး Top-selling passenger Car 2018 အဖြစ်ပါရပ်တည်ခဲ့တယ်လို့သိရပါတယ်။

Nissan ဟာသူ့ရဲ့ EV အမျိုးအစား Leaf အသစ်ကို အရင် generation ကားတွေထဲကကောင်းကွက်တွေ၊ နောက်ဆုံးပေါ် Nissan Intelligent Mobility Technology တွေ နဲ့တည်ဆောက်ထားရုံသာမက Euro NCAP ရဲ့ Safety rating မှာလည်း 5-stars အထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Advanced Driving Assistance Technology, ProPILOT နဲ့ ProPILOT Park တွေက Traffic ကနေ navigate လုပ်ရတာလွယ်ကူစေပြီး အလိုအလျောက်ပါကင်ထိုးမှုတွေကိုလည်းလုပ်ဆောင်ပေးတာကြောင့် မောင်းနှင်သူအတွက်တော်တော်လေးအဆင်ပြေမှုရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် Innovative ဖြစ်လှတဲ့ e-Pedal (အရှိန်အတိုး အလျော့လုပ်ဆောင်နိုင်တဲ့ pedal) ကြောင့်ကိုလည်း မောင်းနှင်သူတော်တော်များများကကြိုက်နှစ်သက်ကြတယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Nissan Europe ရဲ့ ဒါရိုက်တာဖြစ်သူ Gareth Dunsmore က

“Electric Vehicle တွေအပေါ်မှာရင်းနှီးမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ Nissan Leaf အသစ်မော်ဒယ်ကိုပိုပြီးလက်ခံလာအောင် ကြိုးစားထားပါတယ်။ ကျွန်တော်တို့ဟာ Nissan Leaf အသစ်ဒီဇိုင်းကို Customer တွေရဲ့ Feedback တွေအရ ရေးဆွဲချင်တာကြောင့် စီးနှင်သူ ၁ သိန်းကျော်ရဲ့ Feedback အရရေးဆွဲထားတာလည်းဖြစ်တယ်”

လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။

Nissan Leaf ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲကထွက်ရှိခဲ့တဲ့မော်ဒယ်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှာ ဆုပေါင်း ၁၀၀ ကျော်အထိပိုင်ဆိုင်နေပြီးတဲ့ ကားမော်ဒယ်တစ်ခုဖြစ်ပါတယ်။ L’Automobile et L’Entreprise ရဲ့ “Best car in the Electric Vehicle/plug-in hybrid”, El Economista ရဲ့ “Ecomotor Awards”, 2018 What Car? ရဲ့ “Car of the Year Awards” အစရှိတဲ့ဆုတွေအပါအဝင် ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories