December 10, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ရဲ့ Leaf ဟာတော့ European New Car Assessment Programme (Euro NCAP) စမ်းသပ်မှုအရ လုံခြုံမှုအပိုင်းမှာ 5-star rating ရရှိခဲ့ပြီဖြစ်ပါတယ်။ Leaf ဟာတော့ ၂၀၁၈ မှာ Euro NCAP စစ်ဆေးမှုကို ပထမဉီးဆုံးတွန်းလှန်နိုင်ခဲ့ပြီး rating အများဆုံးရရှိခဲ့တဲ့ ကားတစ်စီးပါ။

Euro NCAP ကတော့ ကားအတွင်းပိုင်း Safety system တွေ၊ လမ်းသွားလမ်းလာတွေကို အန္တရာယ်ပေးနိုင်မှုအတိုင်းအတာ၊ ကားအတွင်းပိုင်းကခရီးသည် (လူကြီး/လူငယ်) ကိုအန္တရာယ်ပြုနိုင်မှုအတိုင်းအတာ အစရှိတာတွေအားလုံးကို စစ်ဆေးပြီးမှ Rating ပေးတာဖြစ်ပါတယ်။ လက်တွေ့ဘဝမှာဖြစ်ပျက်နေတာကို စစ်တမ်းကောက်ယူပြီး ဆုံးဖြတ်ထားတာဖြစ်လို့ ရလဒ်ကို ယုံကြည်လို့ရပါတယ်။

အပေါ်မှာဖော်ပြထားတာကတော့ Nissan Leaf ရဲ့အသေးစိတ်ရလဒ်တွေပဲဖြစ်ပါတယ်။ လူကြီး/လူလတ်ပိုင်းတွေရဲ့ လုံခြုံမှုအပိုင်းမှာ ၉၃ ရာခိုင်နှုန်း၊ ကလေးတွေအတွက်လုံခြုံမှုအပိုင်းက ၈၆ ရာခိုင်နှုန်း၊ လမ်းသွားလမ်းလာသူတွေအတွက်လုံခြုံမှုက ၇၁ ရာခိုင်နှုန်း၊ ကားအတွင်းပိုင်း Safety System အပိုင်းက ၇၁ ရာခိုင်နှုန်း အသီးသီးရရှိပြီး Euro NCAP ရဲ့ 5-star rating ရရှိခဲ့တာပဲဖြစ်ပါတယ်။

Euro NCAP ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး Nissan Europe ရဲ့ Electric Vehicle Director ဖြစ်သူ Gareth Dunsmore က

“ကျွန်တော်တို့ရဲ့ Nissan leaf မှာပြိုင်ဘက်မရှိတဲ့ Safety standards ပါဝင်ပြီး ဆန်းသစ်တဲ့ EV အမျိုးအစားတစ်ခုဖြစ်တာကြောင့်  Euro NCAP ရဲ့ Nissan leaf အတွက် ကြေညာချက်က ကျွန်တော်တို့အရင်ကတည်းကသိနေပြီးသာရလဒ်တစ်ခုလိုပါပဲ။ ဒီရလဒ်က ကျွန်တော်တို့ Nissan Intelligent Mobility ရဲ့ရည်ရွယ်ချက်ကို သုံးစွဲသူတွေ အပြည့်အဝ ယုံကြည်နိုင်အောင်ပြသလိုက်သလိုပါပဲ။ ”
Source: Nissan.com

လို့ပြောကြားခဲ့ပါတယ်။

ကားတစ်စီးလုံးကိုထိန်းချုပ်ထားတဲ့ Driver assistance systems၊ ကားမှာပါဝင်တဲ့ ကင်မရာနည်းပညာတွေ၊ Radar feature တွေက Nissan Leaf ကို အခုလို Euro NCAP ရဲ့ Safety စစ်ဆေးမှုမှာ 5-star rating အထိရရှိအောင် ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ Nissan Intelligent Mobility အနေနဲ့ နောက်ထပ်ဘယ်လို Safety feature တွေကိုထပ်မံတီထွင်သွားဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories