May 23, 2018

We ❤️ New Cars!

New Car News in Burmese

Nissan Argentina ကတော့ အာဂျင်တီးနားနိုင်ငံကိုယ်စားပြုဘောလုံးအသင်းရဲ့ Official Sponsor ဖြစ်သွားပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ အချိန်အနည်းငယ်ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံကိုယ်စားပြုဘောလုံးအသင်း အတွက် Vehicle supplier နေရာကနေ စပွန်ဆာပေးသွားမှာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Nissan Argentina ရဲ့ CEO ဖြစ်သူ Diego Vignati က

“ကျွန်တော်တို့အနေနဲ့ အာဂျင်တီးနားလူမျိုးတွေကို စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားစရာတွေပေးစွမ်းနေတဲ့ အားကစားမှာ တစ်စိတ်တစ်ပိုင်းကနေပါဝင်ကူညီခွင့်ရတာကြောင့် တော်တော်လေးဂုဏ်ယူမိပါတယ်။ ဘောလုံးကစားတဲ့အားကစားဆိုတာ ကျွန်တော်တို့ရဲ့ DNA တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် အခုလိုပူးပေါင်းမှုဟာ ကျွန်တော်တို့ Nissan Argentina ရဲ့ သမိုင်းဝင်တဲ့ မှတ်တိုင်တစ်ခုဖြစ်မှာပါ။”
Source: nissan-global.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Nissan အနေနဲ့ အာဂျင်တီးနား ဘောလုံးအသင်း ကို ၃ နှစ်တာစာချုပ်နဲ့ ကူညီပေးသွားမှာဖြစ်ပြီး အသင်းအတွက် Nissan Frontier, Nissan Murano, Nissan Kicks တို့အပါအဝင် ယာဉ်တော်တော်များများကို စီစဉ်ထားပေးတာပဲဖြစ်ပါတယ်။ အခုလိုပူးပေါင်းကူညီမှုကိုကြည့်ရင် Nissan ဟာ အားကစားပိုင်းမှာလည်း အလေးအနက်ထားပုံကိုသိရှိနိုင်မှာဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories