October 18, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာ Electric Commercial Vehicle ဖြစ်တဲ့ e-NV200 ကို ဘက်ထရီပိုင်းဆိုင်ရာတိုးမြှင့်မှုတွေပြုလုပ်ပြီး လွန်ခဲ့တဲ့အချိန်အနည်းငယ်ကပဲ တစ်ဖန်ပြန်လည် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဂျပန် JC08 စံနှုန်းအရ ၃၀၀ ကီလိုမီတာအထိမောင်းနှင်နိုင်တဲ့ 40 Kilowatt-hour ဘက်ထရီနဲ့ e-NV200 vehicle ကိုပံ့ပိုးပေးထားတာပါ။ ဒါ့အပြင် ကားရဲ့အတွင်းပိုင်းအရှေ့ခန်းကလည်း Driver-friendly ပုံစံမျိုးဖြစ်နေပြီး အရှိန်နှုန်းကလည်း တော်တော်လေးမြန်ဆန်ဆန်ရှိနေပါတယ်။ လျှပ်စစ်သီးသန့်ကားတွေအတိုင်း အရှိန်နှုန်းမြန်နေပေမယ့် မောင်းရတာ တိတ်ဆိတ်ပြီး တော်တော်လေးလဲငြိမ်သက်လှပါတယ်။

e-NV200 အသစ်မှာဆိုရင် 100V outlet Power Plug ပါဝင်ပြီး စက်ပစ္စည်းတွေအားသွင်းတာ (သို့) လျှပ်စစ်ပစ္စည်းအသေးစားလေးတွေကို သုံးစွဲတာ အစရှိတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ EV Power Station ကိုကားမှာထပ်သွင်းလိုက်ရင်တော့ အိမ်ခန်းကိုလျှပ်စစ်ဓာတ်ပေးတာ၊ ဆိုင်ခန်းဖွင့်တာတွေ တင်မဟုတ်ပဲ ကားမှာစွမ်းအင်ကုန်သွားတဲ့အချိန်မှာ အရေးပေါ်စွမ်းအင်အဖြစ်ထုတ်ယူသုံးစွဲနိုင်တဲ့အထိ ပါပဲ။

24 kWh ဘက်ထရီကနေ 40 kWh အထိတိုးမြှင့်လိုက်မှုကြောင့် Nissan e-NV200 က အခုလို fine သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီ 40 kWh အထိတိုးမြှင့်လိုက်မှုကြောင့်ပဲ e-NV200 ရဲ့ Power Plug ဟာ ၁၅ နာရီအထိ အသုံးခံလာပါတယ်။ (တိုးမြှင့်မှုမပြုလုပ်ခင်တုန်းက ၈ နာရီခန့်သာ အသုံးခံခဲ့တာပါ။) ဒါ့အပြင် 40 kWh ရှိနေတဲ့ ဘက်ထရီသိုလှောင်မှုကြောင့်ပဲ ဘက်ထရီသက်တမ်းက တော်တော်လေးမြင့်မားလာခဲ့ပါတယ်။ Nissan အနေနဲ့လည်း သက်တမ်းမြှင့်မားလာမှုကို အခြေခံပြီး အာမခံအချိန်ကာလကို ၅ နှစ်/၁၀၀,၀၀၀ ကီလို ကနေ ၈ နှစ်/၁၆၀,၀၀၀ ကီလို အထိ တိုးမြှင့်ထားပါတယ်။ 😮)

e-NV200 အသစ်ကြီးကိုတော့ လာမယ့် ၂၀၁၈ မေလအကုန်လောက်မှာ ဂျပန်မှာ စတင်အော်ဒါမှာယူနိုင်တော့မှာဖြစ်ပြီး ကျန်တဲ့နေရာဒေသတွေကိုတော့ ဇွန်လ အဆန်းပိုင်းလောက်မှာရောက်ရှိလာမှာဖြစ်မယ်လို့ မျှော်မှန်းထားနိုင်ပါတယ်။

 

Source (Nissan)

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories