December 10, 2018

We ❤️ New Cars!

New Car News in Burmese

တရုတ်နိုင်ငံမှာရှိတဲ့ Dongfeng Nissan ဟာတော့ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာမကြာခင်ဖွင့်လှစ်တော့မယ့် အကြီးမားဆုံး Intelligent Technology experience center, Nissan Intelligent Mobility Tour အတွက်ဖွင့်ပွဲတစ်ခုကိုပြီးခဲ့တဲ့ရက်ကပဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။ Dongfeng Nissan ဟာသူ့ရဲ့ Tour ကိုလာရောက်လည်ပတ်သူတွေအတွက် Nissan ရဲ့အနာဂတ် Mobility နဲ့ Intelligent lifestyle အသစ်ကို ခံစားခွင့်ရရှိနိုင်အောင် ဖန်တီးပေးထားတာဖြစ်တယ်လို့သိရပါတယ်။

“Nissan Intelligent Mobility ဟာ ကားကို မောင်းနှင်သူရဲ့တုန့်ပြန်ချက်တွေနဲ့ ထပ်တူညီအောင်အနီးစပ်ဆုံး adjust လုပ်ထားတာဖြစ်ပြီး မောင်းနှင်သူအတွက် ကားတစ်စီးအဖြစ်တင်မဟုတ်ပဲ Intelligent partner တစ်ဉီး အဖြစ်ပါဆောင်ရွက်ပေးမှာပါ။ ဒါ့အပြင် Nissan Intelligent Mobility ဟာ စီးနှင်သူတွေကို ပိုပြီးယုံကြည်မှုရှိအောင်၊ စိတ်လှုပ်ရှားမှုအပြည့်အဝရရှိအောင် နဲ့ Connected vehicle life အတွေ့အကြုံကိုပါပေးစွမ်းနိုင်ပါသေးတယ်။”

လို့ Dongfeng Nissan Passenger Vehicle Company (DFN) ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Airton Cousseau ကပြောကြားထားကြောင်းသိရပါတယ်။

Nissan Intelligent Mobility Tour ဟာဆိုရင် တရုတ်နိုင်ငံမှာရှိတဲ့ Customers, Dealers တွေသာမကပဲ လာရောက်လည်ပတ်တဲ့ Visitors တွေကိုပါ Hall of Intelligent Mobility Life, Hall of Future City နဲ့ Zero Emission vehicle ဖြစ်တဲ့ Sylphy ကို Test Drive မောင်းနှင်ခွင့်ပြုမယ့် အတွေ့အကြုံတွေပေးသွားမှာဖြစ်တယ်လို့လဲဆိုထားပါတယ်။ Nissan Intelligent Mobility Tour ဟာတော့ လာမယ့် နိုဝင်ဘာလအကုန်လောက်မှာ Public အနေနဲ့ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ Tour အတွက်ပြင်ဆင်ထားတာတွေကတော့ တကယ်ကိုကြွေချင်စရာလေးတွေပါပဲ။ 👇

 

 

 

 

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories