July 17, 2018

We ❤️ New Cars!

New Car News in Burmese

Nissan Intelligent Mobility ကတော့ Brand New ကားအသစ်ကြီးတွေဖြစ်တဲ့ 2018 Nissan Qashqai နဲ့ 2018 Nissan Leaf တို့နဲ့ Auto Express New Car Awards 2018 မှာ ဆု တွေသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Nissan Qashqai ကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ကနေတိုးတက်ပြောင်းလဲလာတဲ့ ဒီဇိုင်းအနေအထားတွေကြောင့် ဆုရရှိခဲ့တာဖြစ်ပြီး Nissan Leaf ကတော့ ဆန်းသစ်လှတဲ့ Feature တွေနဲ့ ထူးခြားတဲ့ နည်းပညာတွေကြောင့် ဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိဆုရရှိသွားတဲ့ Nissan Qashqai ကတော့ ၂၀၁၇ တုန်းကတိုးမြှင့်မှုတွေပြုလုပ်ထားတာဖြစ်ပြီး ၂၀၁၈ မှာ UK ရဲ့ ရောင်းအားအကောင်းဆုံး ကားစာရင်းမှာ နံပါတ် ၃ နေရာချိတ်ခဲ့တဲ့ Brand New မော်ဒယ်တစ်ခုပဲဖြစ်ပါတယ်။ Qashqai ဟာဆိုရင် Compact SUV အမျိုးအစားဖြစ်ပြီး SUV မာကတ်ကြီး ပိုမိုတွင်ကျယ်လာအောင်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ မော်ဒယ်တစ်ခုဖြစ်တယ်လို့ လဲသိရပါတယ်။ ကားမှာဆိုရင်လည်း Nissan ရဲ့ Autonomous driving ပုံစံမျိုးကိုခြေလှမ်းအစဖြစ်ပြီး Advanced driver assist technology တစ်ခုလည်းဖြစ်တဲ့ ProPILOT နည်းပညာပါဝင်နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

Nissan Leaf ကတော့ အားလုံးသိကြတဲ့အတိုင်း လက်ရှိမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Electric Vehicle တစ်ခုဖြစ်ပြီး Nissan Intelligent Mobility ရဲ့ icon တစ်ခုအဖြစ်တည်ရှိနေတာလည်းဖြစ်ပါတယ်။ Brand New Nissan Leaf ကိုတော့ UK မှာရှိနေတဲ့ Nissan စက်ရုံကနေ ထုတ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။Nissan Leaf အသစ်ကိုတော့ Driving experience အသစ်ကိုပေးစွမ်းနိုင်ပြီး ပိုမို Connected ဖြစ်အောင် ဖန်တီးထားတယ်လို့လဲသိရပါတယ်။ ဒါ့အပြင် Intelligent feature တွေဖြစ်တဲ့ ProPILOT, e-Pedal, bi-directional charging အစရှိတာတွေလည်း ပါဝင်နေမှာပါ။

Auto Express New Car Awards 2018 မှာတော့ Nissan Intelligent Mobility အနေနဲ့ အခုလို အလန်းစားအနေအထားကားတွေကြောင့် ဆုရရှိခဲ့တယ်လို့ ဆိုရမှာပါ။ Nissan Intelligent Mobility အနေနဲ့လည်း နောက်ထပ်လာမယ့် အချိန်တွေမှာ ဘယ်လိုတွေ ကြိုးစားသွားပြီး ဘယ်လို Feature အလန်းစားတွေကို ထည့်သွင်းမိတ်ဆက်ဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories