May 22, 2018

We ❤️ New Cars!

New Car News in Burmese

Nissan Group အနေနဲ့ ၂၀၁၈ ဇန်နဝါရီလအတွင်း U.S မှာရောင်းချနိုင်ခဲ့တဲ့ရလဒ်ကိုတော့ မနေ့ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ Nissan နဲ့သူရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ INFINITI တို့ဟာ ယာဉ်ပေါင်း ၁၂၃,၅၃၈ အထိရောင်းချနိုင်ခဲ့တာပါ။ Nissan တစ်ခုတည်းကပဲ ၁၁၂,၉၀၃ အထိရောင်းချနိုင်အောင်စွမ်းအောင်ခဲ့တာဖြစ်ပြီး INFINITI အနေနဲ့ကတော့ ၁ သောင်းကျော်အရေအတွက်သာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

Nissan group’s sales result

 

၂၀၁၇ တုန်းက ကုမ္ပဏီနှစ်ခုပေါင်းရောင်းချနိုင်မှုရလဒ်ဟာ ၁၀၀,၇၆၁ သာရှိခဲ့တာပါ။ ၂၀၁၇ နဲ့ ၂၀၁၈ တို့ရဲ့ရလဒ်ကို ရာခိုင်နှုန်းနဲ့တိုင်းတာကြည့်ရင် ၂၀၁၈ မှာ ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထက်ရာခိုင်နှုန်းများဖို့အလားလာရှိပေမယ့် INFINITI ရဲ့ကျဆင်းသွားတဲ့ရလဒ်ကြောင့် အခုလိုရာခိုင်နှုန်းနဲ့ကျေနပ်လိုက်ရတာပါ။

Nissan Rouge, Frontier, Titan, Murano, Armada အစရှိတာတွေကတော့ Nissan ရဲ့ ရောင်းချနိုင်မှုရလဒ်ကောင်းတွေရရှိအောင် ကူညီပေးခဲ့တဲ့ model တွေလို့ပဲဆိုရမှာပါ။ အဓိကစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ Model တွေရဲ့ ၂၀၁၈ ဇန်နဝါရီလ ရောင်းအားရလဒ်နဲ့ အရင်နှစ်ကထက် တိုးမြင့်လာတဲ့ ရာခိုင်နှုန်းတွေကတော့  👇

  • Rouge ဟာဆိုရင် ၃၆,၁၈၄ အထိရောင်းချနိုင်ခဲ့ပြီး ၂၆ ရာခိုင်နှုန်း ⏫
  • Frontier ဆိုရင် ၅,၉၀၁ အထိရောင်းချနိုင်ပြီး ၅၃ ရာခိုင်နှုန်း ⏫
  • Titan ဆိုရင် ၄,၀၅၁ အထိရောင်းချနိုင်ပြီး ၄၆ ရာခိုင်နှုန်း ⏫
  • Murano ဆိုရင် ၆,၇၉၂ အထိရောင်းချနိုင်ပြီး ၅၆ ရာခိုင်နှုန်း ⏫
  • Armada SUV ဆိုရင် ၂,၂၄၆ အထိရောင်းချနိုင်ပြီး ၁၈ ရာခိုင်နှုန်း ⏫

Infiniti မှာရလဒ်ကောင်းခဲ့တဲ့ကားတွေကတော့ QX60 နဲ့ QX80 တို့ပဲဖြစ်ပါတယ်။ ရောင်းချနိုင်မှုနဲ့ အရင်နှစ်ကထက် ရာခိုင်နှုန်းတိုးမြင့်လာမှုကတော့ 👇

  • QX60  ၃,၀၂၉ အထိရောင်းချနိုင်ခဲ့ပြီး ၃၈ ရာခိုင်နှုန်း ⏫
  • QX80 ကတော့ ၁,၈၃၀ အထိရောင်းချနိုင်ခဲ့ပြီး ၅ ရာခိုင်နှုန်း ⏫

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Nissan ကိုအခုလိုမျိုးရလဒ်ထွက်ပေါ်လာစေဖို့စွမ်းဆောင်ပေးခဲ့တဲ့ကားတွေပဲဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းတက်လာကြောင့် Nissan ရဲ့ ရောင်းရလဒ်ကကောင်းတယ်လို့ပဲဆိုရမှာပါ။ Model တစ်ခုချင်းစီရဲ့ရောင်းအားအခြေအနေကိုတော့ Nissan Group မှာသွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories