November 17, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာတော့ အင်ဒိုနီးရှားနိုင်ငံ အနောက် ဂျာဗားမှာရှိတဲ့ ဘယ်ကာစီမှာ သူ့ရဲ့ Showroom အသစ်တစ်ခုကိုပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အခုလိုဖွင့်လှစ်မှုဟာ အင်ဒိုနီးရှား Nissan ရဲ့ တိုးတက်မှု Strategy Mid-term plan အတွက် ခြေလှမ်းနောက်တစ်ဆင့်ဖြစ်တယ်လို့လဲ Nissan ဆိုထားပါတယ်။

ဖွင့်လှစ်လိုက်တဲ့ Showroom အသစ်ရဲ့ Customer service နဲ့ Brand experience ပိုင်းတွေကိုတော့ Nissan Retail Concept (NRC) နဲ့ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Dealership အသစ်မှာဆိုရင် Nissan Terra, Datsun Go အပါအဝင် Nissan နဲ့ Nissan ရဲ့ ပေါင်းစပ်ကုမ္ပဏီဖြစ်တဲ့ Datsun ကားမော်ဒယ်အသစ်တွေကို ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖွင့်လှစ်ထားတဲ့ Dealership အသစ်ကိုတော့ အင်ဒိုနီးရှားနိုင်ငံက Nissan ရဲ့ ၆ ခုမြောက် Official Dealership အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ PT Mimosa Putra Abadi (MPA) ကစီမံခန့်ခွဲသွားမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Nissan Motor indonesia ရဲ့ President director ဖြစ်သူ Eiichi Koito က

“အခုလို Dealership အသစ်တစ်ခုထပ်မံဖွင့်လှစ်မှုဟာ Nissan ရဲ့ အင်ဒိုနီးရှား အပေါ်ယုံကြည်မှုကိုပြသတာပါ။ Dealership ဟာဆိုရင် ခင်မင်ရင်းနှီးမှုရှိပြီး နွေးထွေးနေတာလည်းဖြစ်ပါတယ်၊ ဝယ်ယူတဲ့အချိန်ကနေ Servicing လုပ်တဲ့အချိန်အထိတောက်လျှောက် ကောင်းမွန်တဲ့အနေအထားကြီးပဲမို့ ကျွန်တော်တို့အနေနဲ့ Cutomer တွေကိုလာရောက်လေ့လာစေချင်ပါတယ်။”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုနည်းတူပဲ Dealership အသစ်ကိုဉီးစီးသွားမယ့် PT Mimosa Putra Abadi ရဲ့ ဒါရိုက်တာဖြစ်သူ Darius Aprizar Syahputra ကလည်း

“NRC လမ်းစဉ်အတိုင်းသွားမယ့် Nissan ရဲ့ Dealership အသစ်မှာ ရောင်းချသွားမယ့် Nissan Datsun မော်ဒယ်တွေအတွက် Dealership ကြီး customer တွေရဲ့ယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက်ပေးသွားမှာပါ။”

လို့ပြောကြားခဲ့ပါတယ်။

Delivery Area, Service Reception, Workshop Area အပြင် ကလေးတွေအတွက်ပါ Kids Corner ဆိုပြီး သီးသန့်အပိုင်းတွေနဲ့ သေသေသပ်သပ်ဖွဲ့စည်းထားတဲ့ Showroom တစ်ခုပဲဖြစ်ပါတယ်။ ဒါတွေကိုကြည့်ရင်တော့ Nissan အင်ဒိုနီးရှား mid-term plan ရဲ့ခြေလှမ်းနောက်တစ်ဆင့်ဟာ မဆိုးလှတဲ့အနေအထားဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

 

Source (Nissan)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: