September 25, 2018

We ❤️ New Cars!

New Car News in Burmese

U.S ကားမာကတ်ထဲကို ခြေလှမ်းတိုးချဲ့ဝင်ရောက်လာတော့မယ်ဆိုတဲ့အကြောင်းကို Nissan Motor Corporation ကပဲ 2017 Los Angeles Auto Show မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။ Brazil, South American စတဲ့နိုင်ငံတွေအပြင် ကမ္ဘာပေါ်မှာရှိနေတဲ့အခြားသောနိုင်ငံပေါင်း ၈၀ ကျော်မှာလည်း Nissan ကားတွေကိုဖြန့်ချီဖို့ အစီအစဉ်ချထားတာဖြစ်ပါတယ်။ ဖြန့်ချီမယ့်ကားတွေထဲမှာ ပါဝင်မယ့် Feature အချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပြင်ပ Feature တွေအနေနဲ့ကတော့ V-Motion grille, Boomerang headlights and Taillights, နဲ့ a floating roof အစရှိတာတွေပါဝင်မှာဖြစ်ပါတယ်။ Floating Roof feature ပါဝင်တာကြောင့်ကားရဲ့အရှေ့နဲ့ဘေး မှာရှိတဲ့ပြတင်းပေါက်တွေက Visor Wrapped ပုံစံဖြစ်နေမှာပါ။

နောက် Feature ကတော့ အတွင်းပိုင်းက Feature ပါ။ ပထမဆုံးအနေနဲ့ကတော့ ကားအတွင်းပိုင်းကနေရာကျယ်ဝန်းတာကြောင့် လိုအပ်တဲ့ပစ္စည်း တွေကိုထည့်သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ထိုင်ခုံတွေကလည်း တော်တော်ကျယ်ဝန်းတဲ့ Class ထဲမှာပါဝင်ပါတယ်။ ပြီးတော့ ကားရဲ့ Dashboard က ၇ လက်မရှိနေပြီး အရောင်လင်းလင်းတွေကိုပြသမယ့်အပြင် Smartphone တွေနဲ့အံဝင်ခွင်ကျဖြစ်တဲ့ infotainment system ပါဝင်တဲ့ Feature ကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။

U.S Market ကိုဝင်ရောက်မယ့် ကား တွေကိုလည်းတိုးချဲ့ထားပါသေးတယ်။ အဲ့ဒါတွေကတော့ Juke, Rogue Sport, Rogue and Murano စတဲ့အမည်ရှိတဲ့ကားတွေပဲဖြစ်ပါတယ်။ Nissan ရဲ့ မာကတ်တိုးချဲ့မှုက Nissan ကားစျေးတွေအပေါ်ကိုသက်ရောက် ရှိ/မရှိ ကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

ref : responsejp

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories