August 19, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ရဲ့  အသက် ၅၄ နှစ်အရွယ်ရှိတဲ့ Joe Peter ဆိုသူကတော့ Nissan ရဲ့ CFO (Chief Financial Officer) နေရာကနေအနားယူသွားပြီပဲဖြစ်ပါတယ်။

Peter ဟာ ၁၉၆၃ ခုနှစ် မေလ မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်ရောက်တော့ General Motors ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ရှန်ဟိုင်း General Motor ရဲ့ Vice president နဲ့ CFO ဖြစ်လာတာပဲဖြစ်ပါတယ်။ General Motor မှာ CFO အဖြစ်တာဝန်ထမ်းဆောင်ပြီး လအနည်းငယ်အကြာမှာတော့ Peter ဟာ Nissan Corp ကိုဝင်ရောက်လာခဲ့ပါတယ်။ နှစ်လအကြာမှာတော့ Nissan ရဲ့ CFO တစ်ဉီးဖြစ်လာပြီး Finance, IR, M&A Support, Global Sales Finance Business Unit အစရှိတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေစတင်ပြီး Nissan ရဲ့ CFO အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၁၈ ခုနှစ် မေလမှာတော့ Peter ဟာ CFO ရာထူးကနေ အနားယူတော့မှာဖြစ်ပါတယ်။

Peter အနားယူသွားပြီဖြစ်တာကြောင့် လက်ရှိ Nissan ရဲ့ CFO နေရာမှာ ၆၃ နှစ်အရွယ်ရှိတဲ့ Hiroshi Karube ဆိုသူကဝင်ရောက်သွားပြီဖြစ်ပါတယ်။ Karube ဟာတော့ Accounting နယ်ပယ်မှာ အတွေ့ကြုံအများအပြားရှိပြီး Nissan ကို ၁၉၈၀ ခုနှစ်ကဝင်ရောက်လာတာပဲဖြစ်ပါတယ်။ Nissan မှာ senior vice president, global controller (MC & global function), accounting, global asset management အစရှိတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးသူတစ်ဉီးဖြစ်တာကြောင့် ကုမ္ပဏီကို ဘယ်လိုတိုးတက်အောင်ဆောင်ရွက်ရမလဲဆိုတာကို အခြားသူတွေထက်ပိုပြီး သိနေမှာတော့ ပြောစရာကိုမလိုပါဘူး။

Management ပိုင်းမှာပြောင်းလဲလိုက်တဲ့ Nissan Corp ကြီးဟာ လာမယ့်အနာဂတ်တွေမှာ ဘယ်လိုစီမံကိန်းတွေနဲ့ တိုးတက်ပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

Source (Nissan)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *