October 15, 2019

We ❤️ New Cars!

New Car News in Burmese

ကားပါကင်နေရာမှာ မီးစက် (သို့) တခြားပစ္စည်းကိရိယာတွေထားတာနဲ့ လူအများသုံးစွဲနေတဲ့လမ်းပေါ်မှာ ကားရေဆေးတာ အစရှိတာတွေကိုပြုလုပ်ပါက စည်ပင်ဉပဒေအသစ်အရ ဒဏ်ငွေ ၅ သိန်း (သို့) ထောင်ဒဏ် ၃ လအထိချမှတ်အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။ စည်ပင်ဉပဒေအသစ်မှာဆိုရင် လမ်းစင်္ကြန်ပေါ်မှာ ညအိပ်ရပ်နားတာ၊ ကားရေဆေးတာနဲ့ ကားပါကင်နေရာမှာ မီးစက်၊ အခြားပစ္စည်းကိရိယာတွေထားတာ အစရှိတာတွေပြုလုပ်မယ်ဆိုရင် ဒဏ်ငွေ ၁ သိန်းကျပ်ကနေ ၅ သိန်းအထိ ပေးဆောင်နိုင်ရတယ်လို့ ပြောကြားထားကြောင်းသိရပါတယ်။

ကားရေဆေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ကားရေဆေးတာပြုလုပ်မယ်ဆိုရင် ကားရေးဆေးခုံမှာသွားဆေးရမှာဖြစ်တယ်လို့ စည်ပင်ကပြောကြားထားကြောင်းလည်းသိရပါတယ်။ ဒီအချက်ကြောင့် ကားရေဆေးလုပ်ကိုင်သူအချို့ အခက်တွေ့နေကြောင်းကိုလည်းသိရှိရပါတယ်။

အခုလိုတင်းကျပ်လိုက်မှုကြောင့် အိမ်ရှေ့ဝန်းကျင်မှာ ကားပါကင်နေရာဉီးမှုတွေလျော့ကျသွားမှာဖြစ်ပြီး အကြောင်းမဲ့ရပ်နားထားမှုတွေလည်း အရေအတွက်တစ်ခုအထိလျှော့ကျသွားတော့မှာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories