August 15, 2018

We ❤️ New Cars!

New Car News in Burmese

2018 Nissan leaf လေးဟာတော့ Diesel and EcoCar Magazine ရဲ့ ‘Best Electric Car’ award ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ DieselCar and EcoCar အယ်ဒီတာအဖွဲ့ဟာ ကားအသစ်ပေါင်း ၁၇၅ စီးကို လက်တွေ့မှာအသုံးပြုနေတဲ့ ပုံစံအတိုင်းစမ်းသပ်ပြီးတော့မှသာ ‘Best Electric Car’ award ကိုချီးမြှင့်ခဲ့တာပါ။

‘Best Electric Car’ award နဲ့ပတ်သက်ပြီး Nissan Motor GB ရဲ့ Managing Director ဖြစ်သူ Alex Smith က

“Nissan Leaf ဟာစတင်ထုတ်လုပ်တဲ့ 2011 ခုနှစ်မှာကတည်းက Mainstream ပေါ်ရောက်နေပြီးသာ Electric vehicle တွေရဲ့စံထားခြင်းကိုခံခဲ့ရတာပါ။ လက်ရှိ ကားပြုလုပ်တဲ့ကုမ္ပဏီတော်တော်များများ First generation Electric vehicle တွေကိုထုတ်လုပ်နေချိန်မှာ ကျွန်တော်တို့ရဲ့ Nissan Leaf ဟာ Second generation အနေနဲ့ Diesel and EcoCar Magazine ချီးမြှင့်တဲ့ဆုကိုရရှိပြီးနေပါပြီ။”
Source: nissan-europe.com

လို့ယုံကြည်ချက်အပြည့်နဲ့ပြောကြားခဲ့ပါတယ်။

Nissan Leaf ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Electric Vehicle အဖြစ်ရပ်တည်ခဲ့ပြီး လက်ရှိမှာ Nissan Intelligent Mobility ကိုကိုယ်စားပြုနေတဲ့ လျှပ်စစ်ကားမော်ဒယ်တစ်ခုပဲဖြစ်ပါတယ်။ ၈၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်းသွင်းနိုင်တဲ့ Charging စနစ်၊ သေသပ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဒီဇိုင်း၊ ProPILOT, e-Pedal, bi-directional charging အစရှိတဲ့ Feature ကောင်းလေးတွေပါဝင်တာကြောင့်အခုလို ကျော်ကြားအောင်မြင်နေတာပဲဖြစ်ပါတယ်။

Euro NCAP ရဲ့ Safety rating မှာ 5-stars, Kelly Blue Book ရဲ့ “Lowest Cost to own”, What Car? ရဲ့ ” Best Electric Car”, “2018 FIPA Green Car of the year” အစရှိတာတွေကတော့ လက်ရှိမှာ Nissan Leaf ပိုင်ဆိုင်ထားတဲ့ ဆုတွေပဲဖြစ်ပါတယ်။ 😱)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories