December 12, 2018

We ❤️ New Cars!

New Car News in Burmese

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုတွေကို ပြည်တွင်းသိုလှောင်စွမ်းအားကို မြှင့်တင်ပြီးထိန်းချုပ်သွားမှာဖြစ်တဲ့အကြောင်းကို မေလ ၂၃ ရက်နေ့ အစိုးရသက်တမ်း ဒုတိယတစ်နှစ်တာကာလအတွက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမေလအတွင်းမှာ စက်သုံးဆီစျေးနှုန်းဟာ တစ်လီတာကို ကျပ် ၁၀၀ နှုန်းအထိမြင့်တက်လာတာဖြစ်ပြီး သင်္ကြန်ပြီးကတည်းက မြင့်တက်လာနေတာပဲဖြစ်ပါတယ်။ စျေးနှုန်းကျဆင်းတဲ့အချိန်တွေမှာ ပြည်တွင်းစက်သုံးဆီသိုလှောင်မှုကို မြှင့်တင်လိုက်ပါက စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

စက်သုံးဆီစျေးနှုန်း ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန ဒုတိယဝန်ကြီး ဉီးအောင်ထူးက

“သင်္ကြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီစျေးနှုန်းတွေတက်လာပါတယ်။ ကုန်သည်တွေရဲ့ပြောဆိုချက်ကတော့ နိုင်ငံတကာ ဆီစျေးတွေတက်လို့ ဆိုပြီးပြောကြပါတယ်။ စက်သုံးဆီက စင်ကာပူကနေ တစ်ဆင့်ဝယ်ယူရတော့ သိုလှောင်နိုင်စွမ်းမရှိတဲ့အခါမှာ စျေးနှုန်းတက်ရင် တက်သလောက်စျေးနဲ့ ကျရင် ကျသလောက် စျေးနဲ့ ဝယ်ယူရတဲ့အနေအထား မျိုးမှာရှိပါတယ်။ စျေးကျတဲ့ အချိန်မျိုးမှာ ဝယ်ပြီးသိုလှောင်ထားနိုင်မယ်ဆိုရင်တော့ စျေးနှုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးစက်သုံးဆီကို ဆိပ်ကမ်းတွေမှာ သိုလှောင်နိုင်တဲ့စွမ်းအား မြှင့်တင်ဖို့ ကျွန်တော်တို့ အနေနဲ့ တိုက်တွန်းထားတာရှိပါတယ်။ စက်သုံးဆီစျေးနဲ့ ပတ်သက်ပြီး တည်ငြိမ်ဖို့ အဓိကသိုလှောင်နိုင်တဲ့ပမာဏကို မြင့်ထားပေးဖို့ လိုမယ်ထင်ပါတယ်။ စျေးကျတဲ့အချိန်မှာ ဖမ်းဝယ်ထားပြီး ရောင်းမယ်ဆိုရင် စျေးနှုန်းက ပိုပြီးတည်ငြိမ်လာမယ့် အနေအထားမှာရှိပါတယ်။ လက်ရှိ အခြေအနေမှာ စက်သုံးဆီ ရောင်းချတဲ့သူတွေက သိုလှောင်နိုင်တဲ့ စွမ်းအားနည်းပါးတဲ့အတွက်ကြောင့် စင်ကာပူစျေးကွက်တင်သွင်းမှု အပေါ်မူတည်ပြီး ဝယ်ယူရောင်းချရတာကြောင့် စျေးနှုန်းအတက်အကျ ပေါ်မူတည်ပြီးမှ လိုက်ပါပြီး စျေးနှုန်းအပြောင်းအလဲ ဖြစ်တာပါ”

လို့ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီတည်ငြိမ်ရုံသာမက စျေးနှုန်းပါလျော့ကျသွားအောင် လက်ရှိနိုင်ငံတကာ ကတဆင့်သွားရောက်သယ်ယူနေတဲ့ သင်္ဘောကြီးတွေကို တန်ချိန် ၃ သောင်း ပမာဏဆံ့ကနေ တန်ချိန် ၅ သောင်း/ ၆ သောင်းအထိဆံ့တဲ့ သင်္ဘောတွေကို အသုံးပြုပြီးသယ်ယူသွားရင် ပြည်တွင်းမှာ ၁ လ ကို ဒေါ်လာ ၁၀ သန်းကျော်အထိ သက်သာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်သုံးဆီတွေဖြန့်ဖြူးတဲ့အခါ မော်တော်ယာဉ်၊ သင်္ဘောကြီးတွေကနေ တဆင့်မဟုတ်တော့ပဲ ပိုက်လိုင်းတွေနဲ့ ဖြန့်ဖြူးသွားဖို့ အစိုးရထံတင်ပြထားတယ်လို့လဲ သိရှိရပါတယ်။

အကြီးအကဲတွေအနေနဲ့ ဖော်ပြချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားရင် ပြည်တွင်းစက်ဆီစျေးနှုန်းကတည်ငြိမ်သွားမယ့်အပြင် လျော့ကျအထိဖြစ်သွားမှာတော့ အသေအချာပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories