August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ အငှားယာဉ်တွေထဲက စကေတာအမည်းရောင်တပ်ဆင်ထားတဲ့ ယာဉ်တွေကိုအရေးယူမှုပြုလုပ်ရာတစ်ပတ်အတွင်းမှာပဲ ကားအစီးရေ ၅၀ ကျော်အထိတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိထားတဲ့ ကားအစီး ၅၀ ကျော်ကိုတော့ ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောကြားခဲ့တာပါ။

စတေကာအမည်းတပ်ဆင်မှုနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အရေးယူမှုကိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကမှ စတင်ခဲ့တာဖြစ်ပါတယ်။ စတေကာအမည်းတပ်ဆင်ထားတဲ့ အငှားယာဉ်တွေအနေနဲ့ မော်တော်ယာဉ်ပုဒ်မ ၆၅ နဲ့ အရေးယူခံရမှာဖြစ်ပြီး ဒဏ်ငွေအများဆုံး ၃ သောင်းအထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

“စတေကာကပ်ထားတဲ့ တက္ကစီတွေကိုအရေးယူဖမ်းဆီးတာတွေလုပ်ပါတယ်။ ရန်ကုန်တိုင်းခရိုင်တွေမှာအရေးယူစစ်ဆေးတယ်။ အဓိက ကစတေကာကပ်ထားတာကိုဖမ်းဆီးမှာပါ” လို့ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဉီးကပြောကြားခဲ့ပါတယ်။

စတေကာအမည်းတပ်ဆင်မှုတစ်ခုတည်း တင်မဟုတ်ပဲ ကြေညာကပ်တာ၊ လိုက်ကာတပ်ဆင်ထားတာ၊ လေစုပ်ခွက်ကပ်တာ အစရှိတာတွေ ပြုလုပ်ပြီး ဉပဒေနဲ့မလွတ်ကင်းတဲ့အရာတွေပြုလုပ်နေတာကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီးလုပ်ငန်းလိုင်စင် ဖျက်သိမ်းတဲ့အထိအရေးယူသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို လည်းရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကလည်း သတိပေးနှိုးဆော်ခဲ့တာဖြစ်ပါတယ်။

အခုလိုစည်းကမ်းတင်းကြပ်မှုတွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံက အငှားယာဉ်မောင်းတွေအပေါ်မှာရှိနေတဲ့ သံသယတွေကလည်း လျော့ကြသွားမှာဖြစ်သလို ခရီးသည်တွေအတွက်လည်း ပိုမိုလုံခြုံမှုရှိနေတော့မှာပဲဖြစ်ပါတယ်။

Features

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories