November 18, 2018

We ❤️ New Cars!

New Car News in Burmese

Mitsubishi Motors North America ဟာ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာပဲ ယာဉ်ပေါင်း ၈ ထောင့်၄ရာကျော်အထိရောင်းချနိုင်ခဲ့တာဖြစ်ပြီး ရောင်းအားရလဒ်ဟာ ၂၀၁၇ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာတာပဲဖြစ်ပါတယ်။ ရောင်းအားမြင့်တက်လာမှုမှာ  MITSUBISHI ရဲ့ CUVs (crossover utility vehicle) family နဲ့စတင်တာကိုတွေ့ရမှာပါ။

Mitsubishi sales result of 2018 January

CUVs family တွေက Mitsubishi ရဲ့ရောင်းအားရလဒ်ကောင်းမွန်အောင်စွမ်းဆောင်နေတယ်ဆိုတာ အပေါ်မှာဖော်ပြထားတဲ့ ဇယားကွက်ကသက်သေပါပဲ။ CUVs မိသားစုဝင်တွေဖြစ်တဲ့ Outlander Sport ဟာဆိုရင် ယာဉ်ပေါင်း ၃၃၇၉၊ Outlander ဆိုရင် ၃၀၂၀၊ Outlander PHEV ဆိုရင် ၃၀၀ စတဲ့အရေအတွက်တွေအထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Outlander PHEV ဆိုရင် “၀” ကနေ “၃၀၀” အထိကိုတက်သွားတာပါ။ ဒီရလဒ်ကိုကြည့်ပြီးတော့ Mitsubishi ဟာ ၂၀၁၈ အတွက်အစကောင်းတဲ့ Automaker လို့ဆိုရမှာပါ။

“The brand had a tremendous year in 2017 and led the industry (non-luxury brands) in growth, but our goals are set much higher, and we are not resting on our recent success. As January shows, we are poised for a very strong 2018 and have the right products to achieve our targets,” said Don Swearingen, executive vice president and chief operating officer, MMNA. “The Mitsubishi CUV family of Outlander Sport, Outlander and Outlander PHEV offer consumers in every walk of life a vehicle to meet their needs.”
Source :media.mitsubishicars.com

Mitsubishi Motors North America ရဲ့ executive vice president နဲ့ chief operating officer ဖြစ်သူ Don Swearingen ဆိုသူတော့ Mitsubishi အနေနဲ့အခုရလဒ်ကိုကျေနပ်ပေမယ့်သူတို့ရဲ့ ခန့်မှန်းမှုအတိုင်းအတာဟာဒီထက်များကြောင်း၊ လက်ရှိရရှိခဲ့တဲ့ ရလဒ်ကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ့်အကြောင်းတွေပြောကြားခဲ့တာဖြစ်ပါတယ်။

တာထွက်ကောင်းခဲ့တဲ့ Mitsubishi အနေနဲ့ ကြားထဲမှာဖြတ်သန်းသွားရဉီးမယ့် ၂၀၁၈ ခရီးစဉ်တွေမှာရော ဘယ်လိုရလဒ်ကောင်းတွေထွက်ပေါ်လာဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

 

Outlander Sport

 

Outlander

 

Outlander PHEV

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: