October 15, 2019

We ❤️ New Cars!

New Car News in Burmese

Mitsubishi ဟာတော့ သူ့ရဲ့ 2019 Outlander ဟာ Insurance Institute For Highway Safety (IIHS) ကပေးအပ်တဲ့ “Top Safety Pick” rating ရရှိသွားပြီဖြစ်တဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကြေညာခဲ့ပြီဖြစ်ပါတယ်။ IIHS ကတော့ ယာဉ်တစ်စီးဘယ်လောက်အထိ Safety ကောင်းမွန်လဲဆိုတာ စစ်ဆေးတဲ့ Non-profit အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Mitsubishi Motors North America ကုမ္ပဏီရဲ့ Chief Operating Officer ဖြစ်သူ Mark Chaffin ဆိုသူက

“ကျွန်တော်တို့ဟာ အင်ဂျင်နီယာအပိုင်းကိုအဓိကအာရုံစိုက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အညီ ယာဉ်တစ်စီးကို တည်ဆောက်တဲ့နေရာမှာ ယုံကြည်စိတ်ချရမှု၊ အရည်အသွေးပိုင်း တွေကို အသုံးပြုသူတွေမှီခိုလို့ရအောင် ဖန်တီးတည်ဆောက်ထားပါတယ်။ အခုလို ကျွန်တော်တို့ရဲ့ Outlander ဟာ IIHS ရဲ့ Top Safety Pick rating ကိုရရှိခဲ့တာကလည်း ကျွန်တော်တို့ရဲ့ဖောက်သည်တွေသူတို့ရဲ့ စျေးဝယ်စာရင်းမှာ ထိပ်ဆုံးအနေနဲ့ထားရှိ ထားတာကြောင့်လည်းဖြစ်ပါတယ်။”

လို့ပြောကြားခဲ့ပါတယ်။

Outlander မှာဆိုရင် Standard Safety feature တွေအနေနဲ့ Active Stability Control, Tire Pressure Monitoring System, Hill Start Assist, Anti-lock braking system အစရှိတာတွေပါဝင်နေတဲ့အပြင် လေအိတ် ၇ လုံးပါ ပါဝင်နေတာလည်းဖြစ်ပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories