October 18, 2018

We ❤️ New Cars!

New Car News in Burmese

Mitsubishi Motors Corporation (MMC) ကတော့ Pajero Sport midsize SUV(Sport Utility Vehicle) ထုတ်လုပ်မှုကို ရုရှားနိုင်ငံက Kaluga မှာရှိတဲ့ Peugeot-Citroen-Mitsubishi (PCMA RUS) စက်ရုံမှာပြန်လည်စတင် နေပြီဖြစ်ပြီး အခမ်းအနားကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ Kaluga စက်ရုံကိုတော့ ၂၀၀၉ ခုနစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး စက်ရုံကနေ ယာဉ်ပေါင်း ၁၂၅၀၀၀ ကိုထုတ်လုပ်ဖြန့်ချီပြီးနေပြီ ဖြစ်ပါတယ်။

MMC က Pajero Sport ကို ၂၀၁၃ ဇူလိုင်က PCMA RUS မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်ဖြန့်ချီရာမှာ PSA Peugeot Citroen ကလည်း Partnership အဖြစ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံရဲ့စီပွားရေးအရ Automobile market ကြီးငြိမ်သက်လာတာကြောင့် ထုတ်လုပ်ဖြန့်ချီမှုကိုရပ်နားခဲ့ရပါတယ်။

အခု ၂၀၁၇ မှာတော့ ရုရှားရဲ့ Automobile market ကြီးက တစ်ဖန်ပြန်ပြီးမြင့်တက်လာပါတယ်။ April ကနေ July အတွင်းမှာ ၁၄ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာပါတယ်။ ပြီးတော့ MMC ရဲ့ Sales Percentage ကလည်း သိသိသာသာတိုးတက်လာပါသေးတယ်။ အဲ့ဒီအချက်တွေကြောင့် MMC အနေနဲ့ Perjero Sport ကို ရုရှားနိုင်ငံမှာ ပြန်လည်ဖြန့်ချီဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုရမှာပါ။

MMC အနေနဲ့ Parjero Sport ကို ၂၀၁၈ အစောပိုင်းလောက်မှာ Two-shift production system နဲ့ ထုတ်လုပ်သွားဖို့ အစီအစဉ်ဆွဲထားတာလည်းဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို အကောင်အထည် ဖော်ဖို့ MMC က Kaluga စက်ရုံမှာလုပ်သားဉီးရေ ၄၀၀ ကျော်ကိုလည်းခန့်အပ်ခဲ့ပြီလည်းဖြစ်ပါတယ်။

 

 

 

ref : responsejp

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories