September 25, 2018

We ❤️ New Cars!

New Car News in Burmese

MITSUBISHI ဟာ ၂၀၁၈ မတ်လ တစ်လလုံးမှာရောင်းချနိုင်ခဲ့တဲ့ ရောင်းအားအခြေအနေကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ မတ်လ တစ်လလုံးမှာ ၁၄,၃၁၉ စီးအထိရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ မတ်လတုန်းကထက် ၂၂ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ ခုနှစ်ကစပြီး MITSUBISHI ရဲ့ မတ်လ ရောင်းအား သမိုင်း တလျှောက်မှာလည်း အခု ၂၀၁၈ မတ်လ ဟာရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့လဲဆိုထားပါတယ်။

2018 March MITSUBISHI’s sales result

လက်ရှိ MITSUBISHI မှာ On fire အဖြစ်ဆုံးကောင်ကတော့ Outlander Sport ပဲဖြစ်ပါတယ်။ Outlander Sport ဟာဆိုရင် အခု ၂၀၁၈ မှာသာမက ၂၀၁၇ တုန်းကလည်း ရောင်းအားအကောင်းဆုံးယာဉ်အဖြစ်ရပ်တည်ခဲ့တာပါ။ ဒါ့အပြင် Outlander Sport ၂၀၁၈ ရဲ့ရောင်းအားဟာ ၂၀၁၇ ထက် ၁၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါသေးတယ်။ (ဟုတ်တော့ဟုတ်နေပြီ 😆)

ဒီရလဒ်နဲ့ပတ်သက်ပြီး MITSUBISHI Motors North America က Vice president နဲ့ Sales operations ပိုင်းကဖြစ်သူ Ken Konieczka က

“ကျွန်တော်တို့ရဲ့ Crossover Utility Vehicle lineup တွေက သန်မာမြဲ သန်မာနေစဲပါပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ Products ကောင်းမွန်မှုနဲ့ ပြိုင်ဘက်ကင်းမဲ့မှုအပေါ် ယုံကြည်ချက်ရှိပါတယ်။ အခုဆိုရင် သုံးစွဲသူတွေအနေနဲ့လည်း ကျွန်တော်တို့စက်ရုံရဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုကို သိသွားလောက်ပါပြီ။ ဒီရောင်းအား ရလဒ်မှာဆိုရင် Outlander PHEV နဲ့ Eclipse Cross တို့အရှိန်အဟုန်နဲ့တိုးတက်လာတာကို အားလုံးသတိထားမိမှာပါ။ နွေဉီးရာသီထဲဝင်ရင် ကျွန်တော်တို့ရဲ့ ရောင်းအားရလဒ်ဟာ အရှိန်အဟုန်နဲ့ထပ်မံတိုးတက်လာတာကိုမြင်ရဉီးမှာပါ။”
Source: mitsubishicars.com

လို့ပြောကြားခဲ့ပါတယ်။ MITSUBISHI အနေနဲ့ လာမယ့်အချိန်ကာလတွေမှာရောအခု ရရှိထားတဲ့ရောင်းအားအရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories