September 25, 2018

We ❤️ New Cars!

New Car News in Burmese

Mitsubishi ရဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လရဲ့ရောင်းအားအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကထက် ၃ ရာခိုင်နှုန်းအထိမြှင့်တက်လာသလို ၂၀၀၈ ခုနှစ်ကစပြီး ၁၀ နှစ်တာ သြဂုတ်လတွေရဲ့ ရောင်းအားထဲမှာ အကောင်းဆုံးရလဒ်တစ်ခုဖြစ်တယ်လို့ Mitsubishi Motors North America (MMNA) ကတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

နှစ်နဲ့တွက်မယ်ဆိုရင်လည်း အခု ၂၀၁၈ နှစ်အစကနေ သြဂုတ်လအထိရောင်းချနိုင်ခဲ့တဲ့ MMNA ရဲ့ရလဒ်ဟာ 85,693 အထိရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် ၂၁ ရာခိုင်နှုန်းအထိမြှင့်တက်လာတာလည်းဖြစ်ပါတယ်။

၂၀၁၈ သြဂုတ်မှာဆိုရင် Mitsubishi Outlander Sport ဟာ အစီးရေ 2,980 ရောင်းချနိုင်ပြီး အရင် ၂၀၁၇ ကထက် ၃ ရာခိုင်နှုန်းမြင့်တက်လာသလို Mirage, Mirage G4 တို့ကလည်း အစီးရေ 2,048 အထိရောင်းချနိုင်ခဲ့ပြီး ၃၂ ရာခိုင်နှုန်းအထိမြှင့်တက်လာတာပဲဖြစ်ပါတယ်။ အဲ့တော့ ရလဒ်ကို ခြုံငုံကြည့်မယ်ဆိုရင် Outlander Sport နဲ့ Mirage တို့ရဲ့စွမ်းဆောင်မှုကြောင့်ပဲ အရင်နှစ်ကထက် ရလဒ်ကောင်းမွန်လာသလို ၁၀ နှစ်တာကာလအတွင်းမှာလည်း အကောင်းဆုံးရလဒ်တစ်ခုအဖြစ်ရပ်တည်နေနိုင်တယ်လို့ပဲဆိုရမှာပါ။

နောက်ထပ် ဘယ် Automaker တွေရဲ့ ဘယ်မော်ဒယ်ကားတွေက ဘယ်လိုရောင်းအားစံချိန်ထပ်ပြီးချိုးကြဉီးမလဲဆိုတာကို ဖော်ပြပေးသွားဉီးမှာဖြစ်တာကြောင့် စိတ်ဝင်စားတယ်ဆိုရင်တော့ စောင့်ကြည့်ကြဖို့ဖိတ်ခေါ်ပါရစေ။

ကွန်ကရက်ပါ Mitsubishi!

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories