December 12, 2018

We ❤️ New Cars!

New Car News in Burmese

Mitsubishi Motors Corp (MMC) ဟာ Mitsubishi Motors North America (MMNA) အတွက် President နဲ့ CEO အသစ်ကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ MMNA ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Ryujiro Kobashi နေရာမှာ Fred Diaz ကို CEO အသစ်အဖြစ် ၂၀၁၈ ဧပြီ ၁ ရက်နေ့ကစတင်ပြီးအစားထိုးတော့မှာပဲဖြစ်ပါတယ်။

Fred Diaz ဟာ U.S မှာ မာကတ်တင်းအပိုင်း၊ ဝယ်သူတွေနဲ့ဆက်ဆံပြောဆိုတဲ့အပိုင်းကို၂၉ နှစ်တာလုပ်ကိုင်ဖူးသူတစ်ဉီးပါ။ ပေါ့သေးသေးတော့မဟုတ်ဘူးဗျ။ ဒီလွှဲပြောင်းမှုမှာ Mitsubishi Motors ရဲ့ Chief Operating Officer (COO) ဖြစ်သူ Trevor Mann ကလည်း “CEO အသစ်ဖြစ်သူ Fred Diaz ရဲ့အတွေ့အကြုံနဲ့ဆိုရင် မြောက်အမေရိကန်က ကိုယ်စားလှယ်တွေနဲ့ ဝယ်သူတွေကိုတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်သလို Mitsubishi ရဲ့ Network, Brand ဂုဏ်နဲ့ ရောင်းအားကိုလည်းတိုးမြှင့်အောင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်တယ်” ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။

Ryujiro Kobashi ကတော့ Tokyo မှာရှိတဲ့ Mitsubishi Motors မှာပြန်လည်တာဝန်ထမ်းဆောင် မှာဖြစ်ပါတယ်။ Kobashi ဟာ MMNA မှာ ၄ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာ ရောင်းအားကောင်းမွန်တဲ့ Non-luxury brand တစ်ခုအဖြစ် U.S မှာရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ Kobashi ရဲ့ ဉီးဆောင်မှုနဲ့အတူ MMNA ဟာ Eclipse Cross CUV နဲ့အခြားမော်ဒယ်အချို့ကိုပါထုတ်လုပ်နိုင်ခဲ့ပါတယ်။

MMNA မှာရှိနေတဲ့လူတချို့ကလည်း Kobashi-san ရဲ့ ကုမ္ပဏီအမြတ်ရအောင်စွမ်းဆောင်မှုတွေနဲ့ ထောက်ပံ့မှုတွေအပေါ်ကျေးဇူးတင်ကြောင်းလည်းပြောကြားထားပါသေးတယ်။ CEO, President အသစ်အနေနဲ့ထမ်းဆောင်မယ့် Fred Diaz ဟာရော MMNA ကိုဘယ်လောက်အထိတိုးတက်သွားအောင်ဆောင်ရွက်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories