November 17, 2018

We ❤️ New Cars!

New Car News in Burmese

Mitsubishi Motor ရဲ့ U.S နဲ့သက်ဆိုင်တဲ့ Research, Development, Marketing နဲ့ Sales အပိုင်းကိုတာဝန်ယူထားတဲ့ Mitsubishi Motors North America (MMNA) ကတော့ Hyundai Motor America ရဲ့စီနီယာမန်နေဂျာဟောင်းဖြစ်သူ Kiran Udeshi ဆိုသူကို West Regional Director အဖြစ်ပြီးခဲ့တဲ့ရက်ကခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

Kiran Udeshi ဟာဆိုရင် Hyundai Motor America နဲ့ Nissan North America တို့မှာတာဝန်ထမ်းဆောင်ဖူးသူတစ်ဉီးဖြစ်ပြီး Automotive Industry နဲ့သက်ဆိုင်တဲ့ အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိနေသူဖြစ်တယ်လို့သိရပါတယ်။ Hyudai Motor America ရဲ့ Regional Sales Operations ပိုင်းမှာ စီနီယာမန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ လောလောလတ်လတ်ပဲရှိနေသေးတာမလို့ Mitsubishi ရဲ့ West Regional Director နေရာကိုအကောင်းဆုံး ချုပ်ကိုင်နိုင်မှာတော့ အမှန်ပါပဲ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး MMNA ရဲ့ Chief operating officer ဖြစ်သူ Mark Chaffin က

“Mitsubishi ရဲ့ U.S field operation ပိုပြီးတိုးတက်အောင်မြင်လာအောင် ကျွန်တော်တို့အနေနဲ့ ရုံးခွဲတည်နေရာ ၂ ခုကနေ ၄ ခုအထိတိုးချဲ့ဖွင့်လှစ်ပြီး အစီအစဉ်အသေအချာနဲ့ လုပ်ဆောင်လျက်ရှိနေပါတယ်။ Automotive Industry နဲ့သက်ဆိုင်တဲ့များပြားလှတဲ့ Kiran အတွေ့အကြုံနဲ့ ကြွယ်ဝလှတဲ့ အသိပညာတွေက ကျွန်တော်တို့ရဲ့ Mitsubishi Brand နဲ့ West region ကိုကောင်းမွန်တိုးတက်အောင်ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ Kiran Udeshi ကတော့ Mitsubishi ရဲ့ West Regional Director တာဝန်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ထမ်းဆောင်နေပြီပဲဖြစ်ပါတယ်။

 

Source 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: