September 25, 2018

We ❤️ New Cars!

New Car News in Burmese

လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်နဲ့ အသုံးပြုနိုင်တဲ့ YPS (Yagon Payment Service) စနစ်အတွက် Asia Starmar Transport Intelligent ကုမ္ပဏီဟာ တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ခြင်းခံရပြီး အခုနှစ်အတွင်း YPS စနစ်ကိုစတင်အကောင်အထည်ဖော်သွားတော့မှာပဲဖြစ်ပါတယ်။ YPS စနစ် အကောင်ထည်ပေါ်သွားပြီး စတင်အသုံးပြုမယ့်အချိန်ကျရင် ယာဉ်အနောက်မှ ယာဉ်စီးခ ကောက်ခံနေတဲ့ မီနီဘတ်စ်ကားပြေးဆွဲခွင့်ကို ကန့်သတ်သွားမယ့်အကြောင်းကိုတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဉီးက

“YBS ကားတွေမှာ ကတ်စနစ်လုပ်ရင် ယာဉ်နောက်လိုက်နဲ့ ကားခကောက်နေတဲ့ မီနီဘတ်စ်ကားတွေ ပြေးဆွဲတာကိုကန့်သတ်တာ တွေလုပ်မှာပါ။ YPS ကတ်စနစ်က စာချုပ်စာတမ်းတွေနဲ့ ညှိနှိုင်းတာတွေ လုပ်ပြီးရင် YBS ကားတွေမှာ ကတ်စနစ်ကို အမြန်ဆုံး တပ်ဆင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ။”

လို့ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

လက်ရှိ ရန်ကုန်မြို့အတွင်းမှာရှိနေတဲ့ YBS ခရီးသည်တင် မီနီဘတ်စ်ကားအစီးရေ စုစုပေါင်း ၆၀၀ နီးပါးအထိရှိနေပြီး အဲ့ဒီကားတွေကလည်း စည်ပင်သာယာနယ်နိမိတ်ပြင်ပတွေမှာသာ ပြေးဆွဲခွင့်ပြုသွားဖို့အစီအစဉ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories