July 17, 2018

We ❤️ New Cars!

New Car News in Burmese

စက်သုံးဆီစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဆီဂါလံ ၃ သန်းကို ပုဂ္ဂလိကထံရောင်းချသွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးငှာနကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ တုန်းကလည်း နိုင်ငံတကာစက်သုံးဆီစျေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်တက်လာတာကြောင့် စျေးနှုန်းမြင့်တက်မှုကိုပြန်လည် ထိန်းချုပ်ဖို့အတွက် မြန်မာစက်သုံးဆီတင်သွင်းရောင်းချရေးအသင်း (Myanmar Petroleum Trade Association) ရေနံဓာတုဗေဒစက်ရုံ (သံပရာကန်) ကနေထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီဂါလံ ၃ သန်းကို ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တွေဆီကို ပထမဉီးဆုံးအကြိမ်ရောင်းချပေးခဲ့ဖူးတာဖြစ်ပြီး အခုဆိုရင်တော့ ဒုတိယအကြိမ်မြောက်ရောင်းချမှုလို့ ဆိုရမှာပါ။

အခုလိုရောင်းချမှုနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးငှာနတာဝန်ရှိသူတစ်ဉီးက

“ဇူလိုင်လမှာ ပြည်တွင်းထုတ် ဆီဂါလံ ၃ သန်း ရောင်းချပေးသွားမယ်။ အဓိက ကတော့ စက်သုံးဆီစျေးနှုန်းမြင့်တက်လာတာကို ထိန်းချုပ်ချင်လို့ ရောင်းချပေးတာပါ။ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ ဆိုင်ကိုဖြန့်ဖြူးရောင်းချပေးသွားပါမယ်”

ဟုပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ရောင်းချသွားမယ့် ဆိုင်တွေထဲမှာတော့ နေပြည်တော်(၀၃၅၄)၊ ရန်ကုန်(၀၂၇၅)၊ ရန်ကုန်(၀၂၅၄)၊ ရန်ကုန်(၀၂၄၇)၊ မန္တလေး(၀၆၁၁)၊ မန္တလေး(၀၆၁၄)၊ ပဲခူး(၀၁၉၂)၊ တောင်ငူ(၀၁၆၀) တို့ပါဝင်ပြီး မော်တော်ယာဉ်ငယ်များ/ မော်တော်ဆိုင်ကယ်များ သုံးစွဲဖို့ လက်လီဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories