August 15, 2018

We ❤️ New Cars!

New Car News in Burmese

သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်မယ့်ကားတွေကို ရက်အလိုက် ဒဏ်ကြေးသတ်မှတ်ကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်မှ လာရောက် ID ဖွင့်မယ့်ကားတွေကိုတော့ သိမ်းဆည်းဒဏ်ကြေးအဖြစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID လာဖွင့်တဲ့ကားတွေကို သတ်မှတ်ရက်အကျော် ၇ ရက်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးမှာဖြစ်ပေမယ့် ၇ ရက်ကနေ ၁ လ အထိ သက်တမ်းကျော်လွန်သွားတဲ့ကားတွေကို 1/90AV, ၄၅ ရက်အတွင်းကားတွေကို 1/24AV နဲ့ ရက် ၆၀ အထိကားတွေကို 1/12AV အထိ ဒဏ်ကြေးအသီးသီးကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်သွားတဲ့ကားတွေကိုတော့ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း သိမ်းဆည်းဒဏ်ကြေးရိုက်ခံရမှာဖြစ်ပါတယ်။

ယခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးအသစ်ကို မနှစ်ကကြေညာခဲ့တဲ့ အကောက်ခွန်ဒဏ်ကြေးအတိုင်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့လဲ အကောက်ခွန်ဉီးစီးငှာနကပြောကြားထားပါသေးတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories