September 25, 2018

We ❤️ New Cars!

New Car News in Burmese

Nissan ဟာသူ့ရဲ့ပြိုင်ကားအလန်းစားကြီးဖြစ်တဲ့ GT-R ကို ၃၉ ကြိမ်မြောက်ကျင်းပမယ့် 2018 Bangkok International Motor Show မှာတရားဝင်မိတ်ဆက်ပြသသွားတော့မှာပဲဖြစ်ပါတယ်။ Bangkok International Motor Show ကို ထိုင်းနိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီး ကျင်းပမယ့်အချိန်ကာလကတော့ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၈ ရက်နေ့ အထိပါ။

 

Nissan Motor (Thailand) ရဲ့ president ဖြစ်သူ Antoine Barthes ဆိုသူဟာလည်း

“အခုလိုအရည်အသွေးမြင့်မားလှတဲ့ Sport ကားအမျိုးအစား GT-R ကို လူတိုင်းလက်ထဲပေးအပ်နိုင်တော့မှာနဲ့ ကားမာကတ်ထဲမှာဖြန့်ချီနိုင်တော့မှာကြောင့် အရမ်းကိုရင်ခုန်နေပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

Nissan ဟာ Bangkok International Motor Show မှာ အရည်အသွေးမြင့်မားတဲ့ Sport ကား GT-R အပါအဝင် ကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံး zero-emission လျှပ်စစ်ကားဖြစ်ပြီး အတွင်းပိုင်း/အပြင်ပိုင်း ပြောစရာမရှိတဲ့ဒီဇိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ Nissan Leaf

Intelligent Around View Monitor (AVM) feature နဲ့အတူ ခရီးသည်နဲ့ယာဉ်မောင်းတို့လုံခြုံဖို့အတွက်လေအိပ် ၇ လုံး ထည့်သွင်းပေးထားတဲ့ 2018 Nissan Navara

ကမ္ဘာ့လူကြိုက်အများဆုံး SUV အမျိုးအစားဖြစ်ပြီးလုံခြုံရေးစနစ်တွေကိုတိုးမြှင့်ထားတဲ့ Nissan X-Trail

ကျက်သရေရှိပြီးလှပသေသပ်တဲ့ဒီဇိုင်းနဲ့ဖန်တီးထားပြီး ခရီးသည်တွေနဲ့ ယာဉ်မောင်းနှင်သူသက်သောင့်သက်သာရှိဖို့အကျယ်အဝန်းတိုးချဲ့မှုတွေပြုလုပ်ထားတဲ့ Sedan ကားအမျိုးအစား Nissan Teana တို့ကိုပါ Auto Show မှာတစ်ပါးတည်းမိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Nissan Note, Nissan Slyphy, Nissan Almera တို့ကိုလည်း Bangkok International Motor Show ရဲ့ Nissan ရှိရာအရပ်မှာတစ်ပါးတည်းမြင်တွေ့ရဉီးမှာပါ။ ဒီ Auto Show မှာတော့ Nissan ဟာ Vehicle တော်တော်များများကို စိတ်ဝင်စားစရာကောင်းအောင်ထုတ်ဖော်ပြသထားတာကိုတွေ့မြင်ရမှာပါ။ Nissan ကြိုက်နှစ်သက်သူတွေအနေနဲ့ Bangkok International Motor Show ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ bangkok-motorshow.com တဆင့်သွားရောက်လေ့လာနိုင်ပါတယ်။

Leaf

 

Narvara

 

NOTE

 

X-Trail

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories