July 17, 2018

We ❤️ New Cars!

New Car News in Burmese

Nissan အနေနဲ့ Latin America မှာရှိနေ တဲ့ကလေးအချို့ကို Nissan Intelligent Mobility အကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးထားတဲ့ ဗီဒီယိုကိုတော့ Youtube မှာ Nissan Latam channel ကနေတဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယို မှာတော့ကလေးတွေရဲ့ Nissan Intelligent Mobility နည်းပညာအပေါ်မြင်တဲ့ အမြင်တွေနဲ့ ခံစားမှုတွေကို တွေ့မြင်ရမှာပါ။ ကလေးတွေကိုမေးထားတာကြောင့် ရိုးသားလှတဲ့အဖြေတွေကို ပဲကြားရမှာဖြစ်ပါတယ်။ ကလေး တွေရဲ့ Nissan Intelligent Mobility ကိုကြိုက်နှစ်သက်ပုံတွေကို အောက်ပါ ဗီဒီယိုကနေတဆင့် ကြည့်ရှု့နိုင်ပါတယ်။

ဗီဒီယိုကြည့်ပြီးပြီဆိုရင်တော့ Nissan Intelligent Mobility ဟာလုံခြုံမှုရှိသလို သက်တောင့်သက်သာရှိတာကို ကလေးတွေရဲ့ အမူအရာတွေကနေတဆင့်သိရှိနိုင်မှာဖြစ်ပါတယ်။

အရပ်မျက်နှာ ၄ ဖက်မှာ ကင်မရာ ၄ လုံးပါဝင်ပါတယ်။ ဒါ့အပြင် ကားအနောက်က တစ်ခုခုဖြတ်သွားရင်လည်း အသံနဲ့သတိပေးဉီးမှာပါ။ ပြီးတော့ ကားကွေ့ရမယ့်နေရာမှာ ဘရက်မနှင်းမိဘူးဆိုရင်တောင် ကားရဲ့ ဉီးတည်ရာကို အလိုအလျှောက်ပြောင်းလဲပေးသွားဉီးမှာဖြစ်ပါတယ်။ ဒီအချက်တွေက Nissan ဟာနည်းပညာမြင့်မားလာပြီး လုံခြုံမှုစနစ်ကောင်းမွန်လာတာကို သက်သေပြနေတာပါ။ Customer သေးသေးလေးတွေရဲ့ တုန့်ပြန်မှု ဗီဒီယိုကိုကြည့်ပြီးအားလုံးကျေနပ်ကြမယ်လို့ယုံကြည်ပါတယ်။

Nissan news

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories