October 18, 2018

We ❤️ New Cars!

New Car News in Burmese

Marvel Studio ရဲ့နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ဉီးဖြစ်တဲ့ Tony Stark (သို့) Iron Man ရဲ့ဒီဇိုင်းအနေအထားကို အခြေခံပြီး ဖန်တီးထားတဲ့ Kona Iron Man edition ကိုတော့ Hyundai ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က San Diego မှာ ကျင်းပခဲ့တဲ့ 2018 San Diego Comic-Con မှာတရားဝင်ချပြမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

2018 Kona Iron Man edition ကို Tony Stark ရဲ့ စမ်းသပ်မှုပြုလုပ်တဲ့ အခန်းမှာဖန်တီးနေတဲ့ပုံပြထားပြီး Tony Stark ရဲ့ Iron suit ကိုပြလိုက်၊ Kona Iron Man edition ပြလိုက်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Tony Stark ရဲ့ လက်ထောက် AI ဖြစ်တဲ့ Jarvis လေးကတောင် ဘေးနားက ကူညီနေတဲ့ပုံစံမျိုးပြထားပြီး Kona edition အသစ်ရဲ့အငွေ့အသက်ရော၊ Iron Man ရဲ့အငွေ့သက်တွေ အားလုံးစုစည်းနေအောင် ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ (စိတ်ဝင်စားစရာပါပဲ။)

အခုလို Marvel studio နဲ့ပူပေါင်းပြီး Kona Iron Man edition ကိုထုတ်လုပ်ခွင့်ရရှိခဲ့တဲ့အတွက် Hyundai Motor America ရဲ့ Chief Marketing Officer (CMO) ဖြစ်သူ Dean Evens က

“ကျွန်တော်တို့အနေနဲ့ Kona ကိုစတင်မြင်လိုက်ရတဲ့အချိန်မှာ ဒီဇိုင်းပိုင်းက တစ်မူထူးခြားနေပြီး Tony Stark ရဲ့ Armor Iron Suit ပုံစံဒီဇိုင်းနဲ့ လိုက်ဖက်နေမယ်ဆိုတာ သတိထားမိခဲ့တယ်။ အခုလို ကျွန်တော်တို့ရဲ့ သစ်လွင်တဲ့ Kona လေးနဲ့ Marvel Studio ရဲ့လူစိတ်ဝင်စားမှုအများအပြားရရှိထားတဲ့ Iron Man (သို့) Tony Stark နဲ့ပူးပေါင်းလိုက်ရတဲ့အတွက် အရမ်းကိုကောင်းမွန်ပါတယ်။ ပူးပေါင်းမှုရလဒ်ကတော့ Kona ကို Remarkable Special edition တစ်ခုဖြစ်စေပြီး Marvel Fan တွေနဲ့ SUV အမျိုးအစားကြိုက်နှစ်သက်သူတွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Hyundai ဟာ Marvel Studio နဲ့ လက်တွဲလုပ်ဆောင်မှုဟာ ဒါပထမဉီးဆုံးအကြိမ်တော့ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်အစပိုင်းတုန်းကလည်း 2019 Veloster ကို လက်ရှိမှာရုံတင်ပြသနေဆဲဖြစ်တဲ့ “Ant-Man and the Wasp” ဇာတ်ဝင်ခန်းအချို့မှာ ထည့်သွင်းပြီး Marvel Studio နဲ့လက်တွဲလုပ်ဆောင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။ Hyundai ရဲ့ Kona Iron Man edition ကတော့ ၂၀၁၉ နှစ်အစပိုင်းမှ ထွက်ရှိလာမှာဖြစ်ပါတယ်။ Exterior ဒီဇိုင်းသာမက Interior ကိုပါ သေသေသပ်သပ်နဲ့ပြောင်းလဲဖန်တီးထားတာဖြစ်တာမို့ Marvel/ SUV ချစ်သူတွေအတွက် တကယ်ကို နှစ်သက်ဖို့ကောင်းလှတဲ့ Edition တစ်ခုဖြစ်နေမှာပါ။

 

 

 

 

Source

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories