August 15, 2018

We ❤️ New Cars!

New Car News in Burmese

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက ယာဉ်မောင်းလိုင်စင်ဖြေဆိုရမယ့်နေရာကို မြင်သာကညနရုံး နဲ့ ရွာသာကြီးကညနရုံး တို့မှာသာမက မကြာခင် သန်လျင်မှာပါ နေရာထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့သိရပါတယ်။ သန်လျင်မြို့နယ်မှာ ထပ်မံတိုးချဲ့သွားမယ့် ယာဉ်မောင်းလိုင်စင်ဖြေဆိုရမယ့်ရုံးကတော့ မြေနေရာ ၄.၀၈ ဧကအထိ ကျယ်ဝန်းတယ်လို့လဲ သိရပါတယ်။

မြေနေရာတိုးချဲ့မှုနဲ့ ပတ်သက်ပြီး ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဉီးစီးငှာန တာဝန်ရှိသူတစ်ဉီးက

“အခုလက်ရှိ မြင်သာရုံးနဲ့ ရွာသာကြီးမှာ ရေးဖြေနဲ့ လက်တွေ့ဖြေဆိုတာကိုလုပ်ပေးနေတယ်။ ယာဉ်မောင်းလိုင်စင် လာပြီးဖြေဆိုတဲ့ လူဉီးရေကလည်း နောက်ပိုင်းများလာလို့ သန်လျင်ဘက်မှာ မြေနေရာရထားတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုတာကို တိုးချဲ့ထားရှိပေးသွားမှာဖြစ်ပါတယ်။”

လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ အနေနဲ့ သင်မောင်းလိုင်စင် ၃ လပြည့်ပြီး နံပါတ်အနက်ပြောင်းလဲရာမှာ ယာဉ်မောင်းသင်တန်းဆင်းလက်မှတ်ပြစရာ မလိုအပ်တော့ဘူးပဲဖြစ်ပါတယ်။ ဒါကတော့ ဖေဖော်ဝါရီလ ကတည်းကဖြေလျှော့ပေးထားတဲ့ ကိစ္စတစ်ခုပါ။ လက်ရှိယာဉ်မောင်းလိုင်စင်ဖြေဆိုချင်သူတွေအနေနဲ့ ကညနရုံးမှာ ယာဉ်မောင်းသင်တန်းတက်ပြီး အွန်လိုင်းကတဆင့် လျှောက်ထားပြီး ဖြေဆိုလို့ရနေပြီဖြစ်ပါတယ်။

ယာဉ်မောင်းလိုင်စင်ရေးဖြေ စာမေးပွဲကို အွန်းလိုင်းဖြေဆိုမှုစနစ်ကနေ လျှောက်ထားစနစ်ပြောင်းလဲလိုက်တာကြောင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူဉီးရေ တရက်ကို ၆၀၀ ကျော်အထိရှိနေပြီဖြစ်တယ်လို့ လဲသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories