October 18, 2018

We ❤️ New Cars!

New Car News in Burmese

KIA Myanmar ဟာတော့ အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင်သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ KIA showroom တွေမှာရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပရိုမိုးရှင်းကာလ ၃ ရက်အတွင်းမှာ KIA ကားတွေကိုဝယ်ယူအားပေးသူတွေဟာ မိမိရဲ့ကားကိုနောက် ၃ နှစ်အတွင်း ပစ္စည်းလက်ခ လုံးဝ ကုန်စရာမလိုပဲပြန်လည်ပြုပြင်နိုင်မယ့် ဝန်ဆောင်မှု၊ ကားပြင်နေစဉ်ကာလမှာ KIA ကားတစ်စီးအစားထိုးရရှိမယ့် ဝန်ဆောင်မှု အစရှိတာတွေကိုခံစားရမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကားတစ်စီးရဲ့ Option တွေနဲ့အသုံးဝင်မှုတွေကို သိရအောင် စိတ်တိုင်းကျ Test Drive လာရောက်ပြုလုပ်နိုင်ပြီး Test Drive လာရောက်ပြုလုပ်သူတွေကို KIA အိပ်၊ ဗူး၊ အင်္ကျီ အစရှိတာတွေကိုလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ပုံမှန်ထက် ၅၁ ရာခိုင်နှုန်းပိုမိုခိုင်မာလာစေတဲ့ Advanced High Strength Steel ကိုအသုံးပြုထားပြီး 1.4 Petrol အင်ဂျင်ရှိတဲ့ Hatchback ကားအမျိုးအစား All New KIA RIO ကားအသစ်ကြီးကိုလည်း သီတင်းကျွတ်ပရိုမိုးရှင်းအစီအစဉ်နဲ့ရောင်းချပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ကားအသစ်ကြီး KIA RIO ကိုမြင်တွေ့ရမယ့်အပြင် အခြားသောစိတ်ဝင်စားစရာကောင်းလှတဲ့ ဝန်ဆောင်မှုကိုခံစားနိုင်မယ့် ပရိုမိုးရှင်းကာလဖြစ်တာကြောင့် ကားချစ်သူတွေသွားရောက်လည်ပတ်နိုင်အောင် Automyanmar မှသတင်းပေးလိုက်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၄ ရက်နေ့/ နံနက် ၉ နာရီကနေ ည ၇ နာရီအထိ KIA showroom မှာပါနော်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories