October 18, 2018

We ❤️ New Cars!

New Car News in Burmese

KIA ဟာတော့ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ AMCI Global သတ်မှတ်တဲ့ “2018 Most Trusted Automotive Non-Luxury brand” ၃ မျိုးထဲက ၁ မျိုးအဖြစ်ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ AMCI global ကကြီးမှူးကျင်းပတဲ့ Trusted Automotive Brands Study (TABS) မှာပဲ KIA ကို 2018 Most Trusted Automotive Non-Luxury brand တစ်ခုအဖြစ်အသိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်။ KIA ဟာ Most Trusted Automotive brand အဖြစ်အသိအမှတ်ပြုခံရတာ အခု TABS နဲ့ဆို နှစ်ကြိမ်မြောက်ပါ။ (နှစ်ကြိမ်ဆက်တိုက်အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။)

အားလုံးသိကြတဲ့အတိုင်း ယုံကြည်မှုဆိုတာဟာ Brand တစ်ခုရဲ့ ဂုဏ်ကိုပိုမိုတိုးတက်စေတဲ့အရာတစ်ခုဖြစ်သလို ဝယ်သူတွေစိတ်ချလက်ချဝယ်ယူနိုင်အောင်ဖန်တီးပေးတဲ့အရာတစ်ခုပါ။ အဲ့လို ယုံကြည်မှုကိုထောက်ခံပေးခြင်းခံရတာ တစ်ကြိမ်တောင်မဟုတ်ပဲ နှစ်ကြိမ်ဆက်တိုက်ဆိုတော့ KIA ဟာတော်တော်လေးယုံကြည်လို့ရတဲ့ Brand တစ်ခုဖြစ်နေပြီး ဝယ်ယူသူတွေရဲ့ ယုံကြည်မှု ၅၀ ရာခိုင်နှုန်းကျော်အထိကို ရရှိထားတဲ့ Brand တစ်ခုလည်းဖြစ်နေပြီလို့ဆိုရမှာပါ။

“2018 Most Trusted Automotive Non-Luxury brand” နဲ့ပတ်သက်ပြီး KIA Motors America ရဲ့ Sales Operations ရဲ့ Vice President ဖြစ်သူ William (Bill) Peffer ဆိုသူက –

“ယုံကြည်မှုတည်ဆောက်ရတယ်ဆိုတာတကယ်ကိုမလွယ်လှတဲ့အရာတစ်ခုပါ။ အရည်အသွေးပြည့်ဝတဲ့ Vehicle တွေကိုဝယ်ယူသူတွေဆီပို့ဆောင်မှု၊ ယာဉ်အာမခံကိစ္စတွေကို အဆင်ပြေအောင်လုပ်ဆောင်ပေးမှု၊ Dealer Network တွေရဲ့ Customer Service ကောင်းမွန်မှု အစရှိတာတွေကို နှစ်နဲ့ချီပြီးစုပေါင်းပြုလုပ်ထားတာကြောင့် အခုလို ယုံကြည်မှုတစ်ခုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ KIA အခုလို most trusted non-luxury automotive brands award ကို ၂ နှစ်တိုင်တိုင်ရရှိခဲ့တဲ့အပေါ် တော်တော်လေး ဂုဏ်ယူမိပါတယ်”
Source: kianewscenter

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ အတွင်း AMCI Global ရဲ့ Trusted Automotive Brands Study (TABS) မှာဆု ရရှိခဲ့တဲ့ ကား Brand တွေကတော့ –

“MOST TRUSTED LUXURY” မှာဆိုရင် Genesis, INFINITI, Tesla

“MOST TRUSTED NON-LUXURY” မှာဆိုရင် Chevrolet, GMC, KIA

“MOST IMPROVED LUXURY” မှာ Acura, INFINITI, Mercedes-Benz နဲ့

“MOST IMPROVED NON-LUXURY” မှာတော့ Chevrolet, Honda, Volkswagen အစရှိတာတွေပဲဖြစ်ပါတယ်။ အဲ့ဒီ Brand တွေထဲက KIA နဲ့ Genesis ကတော့ AMCI global ရဲ့ TABS မှာ ၂ နှစ်ဆက်တိုက်ဆု ရရှိခဲ့တဲ့ Brand တွေဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories