October 15, 2019

We ❤️ New Cars!

New Car News in Burmese

KIA Myanmar ဟာတော့ အခုနိုဝင်ဘာလ အကုန်အထိ Top Quality Sales Event အစီအစဉ်နဲ့ Sportage GT ကိုအတိုးနှုန်းသက်သက်သာသာနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

KIA Sportage GT ဟာတော့ SUV အမျိုးအစားဖြစ်ပြီး ကိုယ်ထည်ပိုင်းကို Advanced High Strength Steel နဲ့ Hot-stamped steel နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ Panoramic Sunroof ဖြစ်တာကြောင့် ကားတစ်စီးလုံး Sunroof အရသာကိုခံစားနိုင်မာပဲဖြစ်ပါတယ်။ ဒါ့အပြင် Charging ပိုင်းမှာလည်း Wireless Charging System ပြုလုပ်ပေးထားတဲ့အတွက် အားသွင်းကြိုးမလိုတော့ပဲ Station မှာဖုန်းကို တင်ထားရုံနဲ့ သာသာယာယာအားသွင်းနိုင်မှာဖြစ်ပါတယ်။ Safety system အတွက် Air bags တွေထည့်သွင်းပေးထားတာဖြစ်ပြီး ပါဝင်တဲ့ ကားရဲ့ Smart Key နဲ့ တစ်မီတာအကွာရှိရုံနဲ့ ၅ စက္ကန့်အတွင်း ကားနောက်ဖုံးကို ဖွင့်နိုင်မယ်လို့သိရပါတယ်။ Sportage GT ဆိုတဲ့ Brand new ကားကြီးကိုတော့ အမေရိကန်ဒေါ်လာ ၅၅,၀၀၀ စျေးနှုန်းနဲ့သတ်မှတ်ရောင်းချပေးတာဖြစ်ပြီး ၇ နှစ် (သို့) ကီလို ၁ သိန်းအာမခံပေးထားကြောင်းကိုလည်းသိရပါတယ်။

Sportage GT ကိုတော့ ဒါလကုန်အထိ Top Quality Sales Event ဆိုတဲ့ ပရိုမိုးရှင်းအစီအစဉ်နဲ့ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ၂၄ လအထိအတိုးပေးဆောင်စရာမလို၊ ဝင်ငွေခွန်ထပ်မံပေးဆောင်စရာမလိုပဲ ရန်ကုန်လိုင်စင် အမည်ပေါက် ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကားကလည်း In stock ရှိနေတဲ့အတွက် ၂ ရက်အတွင်းဝယ်ယူသူလက်ထဲရောက်ရှိမှာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။

KIA ဟာ Sportage GT အပြင် KIA Picanto, KIA Rio နဲ့ နိုဝင်ဘာလ ၇ ရက်နေ့က Drive Magazine Myanmar ကကြီးမှူး ကျင်းပခဲ့တဲ့ Myanmar Car of The Year Award Ceremony 2018 မှာ အကောင်းဆုံး Mid-size SUV ဆုကို ရရှိခဲ့တဲ့ KIA Sorento GT တို့ကိုလည်း Top Quality Sales Event အစီအစဉ်နဲ့ ရန်ကုန်/ မန္တလေး showroom တွေမှာရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories