October 15, 2019

We ❤️ New Cars!

New Car News in Burmese

Novotel မှာကျင်းပပြုလုပ်သွားမယ့် Most Amazing VIP Private & Automobile Sales Expo မှာ Kia ကလည်း “Best Yet Sales” event တစ်ခုကို ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Event ကိုတော့ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ Novotel Yangon Max မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Event မှာဆိုရင် နောက်ဆုံးပေါ်လူကြိုက်များ Luxury Option တွေဖြစ်တဲ့ Wireless Charger, Smart power tailgate, Panorama Sunroof နဲ့ Safety System အတွက် Air Bags တွေပါ ပါဝင်တဲ့ Kia ရဲ့လူကြိုက်များ GT lines အမျိုးအစားထဲက Kia Sportage GT နဲ့ ဆီစားသက်သာပြီး Android Auto, Apple Car play, Back Camera, Sunroof, Push Start, Leather Seats အစရှိတဲ့ option ကောင်းတွေပါဝင်တဲ့ Hatchback အမျိုးအစား Kia Rio အစရှိတဲ့ ကားမော်ဒယ်တွေကို အတိုးနှုန်း ၂၄ လအထိပေးချေစရာမလိုပဲဝယ်ယူနိုင်အောင် မိတ်ဆက်ချပြထားပြီး Test Drive ကိုပါခွင့်ပြုပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁ နှစ်တာ Free Maintenance ကိုပါခံစားရဉီးမှာလို့လဲသိရပါတယ်။

အပေါ်မှာဖော်ပြထားခဲ့တဲ့ အထူးအခွင့်အရေးတွေကတော့ ၂ ရက်တာကျင်းပပြုလုပ်မယ့် Kia ရဲ့ “Best Yet Sales” event အတွင်းမှာပဲခံစားနိုင်မှာပါ။ လာမယ့် စက်တင်ဘာ ၂၉ နဲ့ ၃၀ က စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေဖြစ်နေတာမို့ ကားချစ်သူမိတ်ဆွေတို့ သွားရောက်လည်ပတ်နိုင်အောင် Automyanmar က သတင်းပေးလိုက်ပါတယ်ခင်ဗျာ။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories