October 18, 2018

We ❤️ New Cars!

New Car News in Burmese

Myanmar Promotional Services ကုမ္ပဏီကတော့ ၆ ကြိမ်မြှောက် Japan Expo & Automotive Show 2018 ကို မန္တလေးမြို့တော်မှာ ကြီးမှူးကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတွေအများအပြားပါဝင်မှာဖြစ်ပြီး Capital Automotive Co.Ltd (#Ford), Pacific Alliance Motor Co., Ltd (#Nissan), Century International Auto (#Suzuki), Myanmar TML Limited (#Wuling) အစရှိတဲ့ ကားကုမ္ပဏီတွေလည်းပါဝင်မှာဖြစ်တာကြောင့် မန္တလေးက ကားချစ်သူတွေအကြိုက်တွေ့မယ့် Show တစ်ခုဖြစ်မှာပါ။

မေလ ၂၅ ရက်နေ့ (မနက်ဖြန်) ကစတင်ပြီး မေလ ၂၇ ရက်နေ့အထိမန္တလေးမြို့တော်ခန်းမကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၇ နာရီအထိပါ။

ပွဲကျင်းပတဲ့ကာလမှာ ထိုင်းနိုင်ငံကဖိတ်ခေါ်ထားတဲ့ cosplayer Thames Malerose နဲ့ မန္တလေးက Cosplayer တွေရဲ့ Cosplay performance ကိုကြည့်ရှု့နိုင်မှာပါ။ ဒါ့အပြင် ငွေကျပ် ၁ သိန်းကနေ ၃ သိန်းအထိ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို မဲဖောက်ပေးသွားမယ့် Lucky Draw အစီအစဉ်တွေ၊ ကုမ္ပဏီတွေကနေ ပစ္စည်းတွေကို Discount ချပြီးရောင်းချပေးသွားမယ့် အစီစဉ်တွေလည်းရှိနေတယ်လို့သိရပါတယ်။

Expo နဲ့ Automotive show နှစခုရောစပ်ထားတာကြောင့် ဂျပန်ကထုတ်လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဝယ်ယူနိုင်ရုံသာမက အပေါ်ကဖော်ပြထားတဲ့ ကားကုမ္ပဏီတွေဆီက Brand New ကားကြီးတွေနဲ့ ကားနဲ့သက်ဆိုင်ရာ ပစ္စည်းတွေကိုပါဝယ်ယူနိုင်ဉီးမှာဖြစ်ပါတယ်။ မနက်ဖြန် နံနက် ၁၀ နာရီနော် 🖐 မမေ့သင့်ပါ… မန္တလေး ကားချစ်သူမှန်ရင်ပေါ့.. 😂)

 

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories