July 17, 2018

We ❤️ New Cars!

New Car News in Burmese

Jaguar အနေနဲ့ D-type ပြိုင်ကားတွေကို Conventry မြို့လေး မှာပြန်လည်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ D-type ပြိုင်ကားကိုတော့ ၁၉၅၆ ခုနှစ်ကတည်းစတင်ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး အခုအသစ်ပြန်လည်ထုတ်လုပ်မယ့် ဆိုရင်အချိန်အတိုင်းအတာက ၆၂ နှစ်လောက်ခြားသွားပြီဖြစ်ပါတယ်။ တစ်ဖန်ပြန်လည်ထုတ်လုပ်ထားတဲ့ D-type ပြိုင်ကားကိုတော့ ပဲရစ်မှာကျင်းပမယ့် Salon Retromobile Show မှာပြသသွားမှာလည်းဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်က Jaguar အနေနဲ့ D-type ကားတွေကို အစီး ၁၀၀ အထိထုတ်လုပ်သွားဖို့အစီအစဉ်ချထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၇၅ စီးသာထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲ့လိုမပြည့်ဝခဲ့တဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် Jaguar ဟာကျန်ရှိနေတဲ့ D-type အရေအတွက် ၂၅ စီး ကို ၂၀၁၈ မှာတစ်ဖန်ပြန်လည်ထုတ်လုပ်တာပါ။ D-type ကားဟာ စလင်ဒါခြောက်ဘက် XK အင်ဂျင်ပါဝင်ပြီး Le Mans 24 Hours ပြိုင်ပွဲမှာ ၁၉၅၅၊ ၁၉၅၆၊ ၁၉၅၇ ခုနှစ်အထိ သုံးနှစ်ဆက်တိုက်အနိုင်ရရှိခဲ့ဖူးတာလည်းဖြစ်ပါတယ်။ ၂၀၁၈ မှာတစ်ဖန်ပြန်လည်ထုတ်လုပ်မယ့် D-type တွေဟာလည်း အရင်တုန်းကရှိခဲ့တဲ့ အရည်အသွေးကောင်းတွေအကုန်ပြန်လည်ပါဝင်နေမှာပါ။

“The Jaguar D-type is one of the most iconic and beautiful competition cars of all time, with an outstanding record in the world’s toughest motor races. And it’s just as spectacular today. The opportunity to continue the D-type’s success story, by completing its planned production run in Coventry, is one of those once-in-a-lifetime projects that our world-class experts at Jaguar Land Rover Classic are proud to fulfil.”
Source :media.jaguar.com

JAGUAR LAND ROVER CLASSIC ရဲ့ ဒါရိုက်တာဖြစ်သူ TIM HANNIG ဟာလည်း D-type ပြိုင်ကားတွေအပေါ်အခုလိုမျိုးချီးမွမ်းလိုက်ပြန်ပါတယ်။

D-type ပြိုင်ကားဟာ တကယ်ကိုပြည့်စုံနေပြီးသားဖြစ်ပါတယ်။ အခု ၂၀၁၈ မှာ ပြန်လည်ရောက်ရှိလာတဲ့ D-type တွေဟာလည်း ပြည့်စုံပြီးသားအဆင့်ဖြစ်နေတာကြောင့် ဝမ်းသာစရာပါပဲ။ တိုးမြှင့်မှုတွေထပ်မံ ပြုလုပ်မှု/မပြုလုပ်မှု ကတော့မသိရှိရသေးပါဘူး။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories