May 23, 2018

We ❤️ New Cars!

New Car News in Burmese

Jaguar ရဲ့ XE 300 Sport edition အသစ်ဟာတော့ စတင်မိတ်ဆက်တဲ့ချိန်မှာတင် နယ်သာလန်မှာတည်ရှိတဲ့ ကမ္ဘာ့အရှည်ဆုံးရေခဲပြင်လမ်းကြီးပြိုင်ပွဲမှာ ပြိုင်ဘက် ချန်ပီယံကို  အနိုင်ယူခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ဘက်ကတော့ အိုလံပစ် စကိတ်စီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးထားတဲ့ Shaolin Sandor Liu ပါ။ (ပြိုင်ဘက်ကလည်း ပေါ့သေးသေးတော့မဟုတ်ဘူးဗျ။) ပြိုင်တူ ယာဉ်ပြိုင်တာမျိူးမဟုတ်ပဲ တစ်ဉီးချင်းစီယှဉ်ပြိုင်တာဖြစ်ပါတယ်။ အနိုင်အရှုံးကိုတော့ ၃ ကီလိုမီတာရှိတဲ့ ရေခဲပြင်လမ်း တစ်ပတ်သွားနှုန်း မှာကြာခဲ့တဲ့အချိန် အနည်း၊ အများကိုကြည့်ပြီးဆုံးဖြတ်တာပါ။ Shaolin Sandor Liu ဟာ ရေခဲပြင်လမ်းကြီး တစ်ပတ်ကို ၄ မိနစ် နဲ့ ၄ စက္ကန့်အတွင်း ပတ်နိုင်ခဲ့ပြီး XE 300 Sport edition ကတော့ တစ်ပတ်ကို ၃ မိနစ်နဲ့ ၃ စက္ကန့်အတွင်း သွားနိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

XE 300 Sport edition ကိုမောင်းနှင်သူကတော့ Jaguar Stability Development ရဲ့ခေါင်းဆောင် Sean Haughey ဖြစ်ပါတယ်။ဘေးကကောင်မလေးကတော့ Team GB skater ရဲ့ Elise Christie ဖြစ်ပြီး ပြိုင်ဘက် Shaolin Sandor Liu ရဲ့စကီလေးပါ။

ဗီဒီယိုရဲ့နောက်ဆုံးမှာ Sean ကြီးတစ်ယောက်ရေခဲပြင်လမ်းမှာ လမ်းလျှောက်တာတောင် ချော်လဲမလိုဖြစ်နေတာသတိထားကြည့်မိရင်သိမှာပါ။ လမ်းကချော်နေသလို အကွေ့အကောက်လည်း တော်တော်လေး များနေပါတယ်။ အဲ့လို လမ်းမှာ ပုံမှန်ကားတစ်စီး သာအရှိန်နှုန်း အမြှင့်ဆုံးနဲ့သွားလိုက်ရင် ကားမှောက်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါပေမယ့် XE 300 Sport ကိုတော့ အရှိန်နှုန်းအမြင့်ဆုံးနဲ့ အေးအေးဆေးဆေး မောင်းနှင်နိုင်တာကိုတွေ့ရမှာပါ။

ရေခဲပြင်လမ်းအကြောင်းနဲ့ပတ်သက်ပြီး Jaguar ရဲ့ Chief Engineer ဖြစ်သူ Mike Cross က –

“‘ရေခဲမျက်နှာပြင်လမ်း ဆိုတာကတော့ Vehicle တိုင်း အံတုသွားလာဖို့ မလွယ်ကူလှတဲ့ မျက်နှာပြင်တစ်ခုပါ။ အဲ့ဒါကြောင့် အခုပြိုင်ပွဲကိုကြည့်ပြီး အခြေအနေအဆိုးဆုံးမျက်နှာပြင်လမ်းပေါ်မှာတောင် အံတုသွားလာနိုင်တဲ့ XE ရဲ့စွမ်းရည်ကို အားလုံးသိရှိသွားမှာပါ”
Source: jaguar.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

XE 300 Sport edition ဟာတော့ Jaguar sport ကားတွေရဲ့ DNA အတိုင်း 300 PS 2.0-L Ingenium ဓာတ်ဆီအင်ဂျင်ပါဝင်ပါတယ်။ ကားရဲ့ အင်ဂျင်ဟာ 5.4 စက္ကန့်အတွင်းကို 0-60 mph အထိသွားနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ Torque ကလည်း 400Nm အထိရှိနေတာကြောင့် ချော်ပြီးအကွေ့အကောက်များလှတဲ့ ရေခဲပြင်လမ်းကြီးကို သာသာယာယာမောင်းနိုင်တာမဆန်းလှပါဘူး။

XE 300 Sport edition ကြီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက် Shaolin Sandor Liu ကလည်း

“ကျွန်တော့်အနေနဲ့ အစပိုင်းကတော့ ရေခဲပြင်လမ်းကြီးမှာ ကားနဲ့ပြိုင်ရမှာကြောင့် အေးဆေးနိုင်မယ်လို့ကျွန်တော်တွေးပြီးပျော်ခဲ့တယ်။ ဒါပေမယ့် ကားစတင်ထွက်ခွာတဲ့အရှိန်နှုန်းကို ကျွန်တော်တွေ့လိုက်ရတော့ အဲ့ဒီကားက ပိုမြန်လိမ့်မယ်လို့ တော့ကျွန်တော်ခံစားမိခဲ့ပါတယ်”
Source: jaguar.com

လို့ ပြိုင်ဘက်နေရာကအတွေ့အကြုံကိုပြောကြားခဲ့ပါတယ်။

300 Sport ဟာတော့ XE line-up ထဲရောက်ရှိသွားမှာဖြစ်ပြီး XF နဲ့ XF Sportbrake တို့နဲ့တပြေးညီတည်းဖြစ်သွားမှာပါ။ XE line-up မှာပါဝင်သွားမှာ ကြောင့် 300 Sport ဟာ ဓာတ်ဆီအင်ဂျင်အမျိုးအစားဖြစ်သွားပြီး XF နဲ့ XF Sportbrake တို့ကတော့ ဒီဇယ်အင်ဂျင်ဖြစ်သွားမှာပါ။ မော်ဒယ် ၃ ခုလုံးကကွဲပြားခြားနားမှုတွေရှိနေပေမယ့် Chrome side window surround, Chrome seat switches, Premium carpet mats, Bright metal pedals နဲ့ Frameless auto-dimming mirror အစရှိတဲ့ feature ပါဝင်မှုတွေကတော့ အကုန်အတူတူပါပဲ။

     

XE 300 Sport edition အသစ်ကြီးကလက်ရှိမှာ ထုတ်ဖော်မိတ်ဆက်တဲ့အဆင့်သာရှိပါသေးတယ်။ ထွက်ရှိမယ့်အချိန်နဲ့ စျေးနှုန်းပိုင်းကတော့ ပေါ်ထွက်လာခြင်းမရှိသေးပါဘူး။

 

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories