October 18, 2018

We ❤️ New Cars!

New Car News in Burmese

Jaguar (Myanmar) မှ မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တွေကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ Jaguar XKL ကားအမျိုးအစားကို ပရိုမိုးရှင်းအစီအစဉ်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မနေ့ကစတင်ပြီး လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အတွင်းရောင်းချပေးသွားမှာဖြစ်တယ်လို့ ကြေညာထားကြောင်း သိရှိရပါတယ်။

Luxury နဲ့ Racing Sport အတွေ့အကြုံကို တစ်ပြိုင်နက်ပေးစွမ်းနိုင်မယ့် Jaguar XJL ကားအမျိုးအစားကို အထူးလျော့စျေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး တစ်နှစ်စာအလုံးစုံမော်တော်ယာဉ် အာမခံ၊ ကားနဲ့သက်ဆိုင်ရာပစ္စည်းတွေကိုလည်း လက်ဆောင်အဖြစ်ပေးအပ်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်ပရိုမိုးရှင်းအစီအစဉ်ကတော့ service ပိုင်းဆိုင်ရာပါ။

Service ပိုင်းကတော့ Jaguar (Myanmar) မှ တင်သွင်းရောင်းချတဲ့ ကားအမျိုးအစားအားလုံးကို နဂိုမူလ 3 Years Warranty Service အပြင်ကို 5 Years Service ကိုပါထပ်မံပေးအပ်သွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ တစ်ခုရှိတာက မိုးရာသီပရိုမိုးရှင်းကာလ အတွက်ရောင်းချမယ့် ကားအမျိုးအစားတွေကို အရေအတွက်နဲ့ ကန့်သတ်ထားပြီးရောင်းချပေးနေတာပါ။ ဆိုတော့ မိတ်ဆွေအနေနဲ့ Brand New Jaguar ကားအသစ်ကို ဝယ်ယူဖို့အစီအစဉ်ရှိနေတယ်ဆိုရင်တော့ အမြန်ဆုံးသွားရောက်လေ့လာစုံစမ်းသင့်ပါပြီနော်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories