October 18, 2018

We ❤️ New Cars!

New Car News in Burmese

Jaguar Land Rover (JLR) ဟာတော့ သူ့ရဲ့ electrified future အတွက် Manufacturing Director တစ်ဉီးကို ပြောင်းလဲခန့်အပ်တော့မှာပဲဖြစ်ပါတယ်။ လက်ရှိ JLR ရဲ့ Quality and Automotive Safety ရဲ့ Director ဖြစ်သူ Grant McPherson ဟာ Manufacturing Director နေရာကနေ အနားယူသွားတော့မယ့် Wolfgang Stadler နေရာကိုအစားဝင်ရောက်မှာဖြစ်ပါတယ်။ Grant McPherson အနေနဲ့ Manufacturing Director အသစ်နေရာကို ဇွန်လိုင်လ ၁ ရက်နေ့မှာစတင်ဝင်ရောက်မှာပါ။ Wolfgang Stadler ကတော့ ဇွန်လ ကုန်မှာတာဝန်ကနေအနားယူတော့မှာဖြစ်ပါတယ်။

Manufacturing director အသစ်ပြောင်းလဲခန့်အပ်မှုနဲ့ပတ်သက်ပြီး JLR ရဲ့ CEO ဖြစ်သူ Prof Dr Ralf Speth က

“ပထမဉီးဆုံးအနေနဲ့ Grant McPherson ကိုကျွန်တော်တို့ရဲ့ Jaguar Land Rover Board Management အဖွဲ့မှ Manufacturing director တစ်ဉီးအနေနဲ့ကြိုဆိုချင်ပါတယ်။ Grant ဟာကျွန်တော်တို့ရဲ့ UK နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာဖြန့်ချီမှု အတွက်အရင်းအနှီးအတိုင်းအတာကို ကြိုတင်မြင်နိုင်တဲ့လူတစ်ယောက်ဖြစ်သလို Jaguar Land Rover ရဲ့ electrified အနာဂတ်ကိုစိတ်လှုပ်ရှားစရာဖြစ်အောင် ပြောင်းလဲနိုင်တဲ့လူတစ်ယောက်ပါ။ Grant ဟာကျွန်တော်တို့ JLR ကြီးတိုးတက်ပြောင်းလဲနိုင်ဖို့ ခွန်အားတွေသယ်ဆောင်လာတယ်လို့လဲ ကျွန်တော်ယုံကြည်တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကာလတွေမှာ တာဝန်ကိုကြိုးစားပြီး သေသေချာချာထိမ်းဆောင်ပေးသွားတဲ့ Wolfgang Stadler ကိုလည်း ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်။ အနားယူတဲ့အချိန်ကာလတွေမှာလည်း ပျော်ရွှင်မှုတွေရရှိပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးလိုက်ပါတယ်။”
Source: jaguarlandrover.com

လို့ပြောကြားခဲ့ပါတယ်။

Grant ဟာ ၂၀၁၁ ခုနှစ်ကတည်းက JLR မှာ Operations Director အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်ရောက်တော့ Quality and Automotive Safety ရဲ့ Director တစ်ဉီးဖြစ်လာပြီး မကြာခင်မှာပဲ Manufacturing Director အဖြစ်ရပ်တည်တော့မှာပဲဖြစ်ပါတယ်။ JLR မှာ ၁၀ နှစ်နီးပါးလောက် တာဝန်ထမ်းဆောင်ဖူးတာကြောင့် Grant အနေနဲ့ Jaguar အကြောင်းကို တော်တော်များများသိနေလောက်ပါပြီ။

Jaguar Land Rover အကြောင်းကို တော်တော်များများထက်ပိုသိနေတဲ့ Grant အနေနဲ့ နောက်ပိုင်းမှာ JLR ရဲ့လိုအပ်ချက်တွေကိုဘယ်လိုတွေထပ်မံဖြည့်ဆည်းပေးသွားဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories