October 18, 2018

We ❤️ New Cars!

New Car News in Burmese

E-pace ကတော့လက်ရှိမှာ ရောင်းအားအခြေအနေရလဒ်ကောင်းတွေကိုရရှိထားတဲ့ ကားမော်ဒယ်တစ်ခုဖြစ်ပြီး Top Gear Magazine ရဲ့ “2017 Crossover of the Year Award” အပြင် တခြားဆုတော်တော်များများကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မော်ဒယ်တစ်ခုပါ။ အဲ့လို အခြေအနေကောင်းနေတဲ့ E-pace ကိုတော့ Jaguar ဟာလိုက်ရောညီထွေမှုပိုမိုရှိလာတဲ့ AI နည်းပညာတွေကိုထည့်သွင်းပြီး တိုးမြှင့်မှုတွေပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

All-electric I-Pace မှာမိတ်ဆက်ခဲ့တဲ့ Jaguar ရဲ့ Self-learning Technology, Smart Settings အစရှိတဲ့ AI Tech တွေကိုထည့်သွင်းလိုက်တာပဲဖြစ်ပါတယ်။ Self-learning ဖြစ်တာကြောင့် ကားမောင်းသူရဲ့အမူအကျင့်တွေကို မှတ်သားထားပြီး လိုက်ရောညီထွေမှုရှိရှိနဲ့ဆောင်ရွက်ပေးမှာပါ။ မောင်းသူရဲ့ ကားသော့နဲ့ လက်ကိုင်ဖုန်းထဲက Bluetooth signal ကနေတဆင့် မှတ်သားပေးထားမှာပဲဖြစ်ပါတယ်။ (ဆိုတော့ ဒီ Tech အသုံးချဖို့ Bluetooth နဲ့ဉီးဆုံးချိတ်ထားဖို့လိုပါလိမ့်မယ်)… မောင်းနှင်သူအကြောင်းမှတ်သားပြီးပြီဆိုရင်တော့ မောင်းနှင်သူအကြိုက်ကိုလိုက်ပြီး ထိုင်ခုံအနေအထားတွေ၊ Infotainment System တွေအစရှိတာတွေကို လုပ်ဆောင်ပေးသွားမှာပါ။ မောင်းနှင်သူအပေါ်လိုက်ပြီးလုပ်ဆောင်ပေးသွားမယ့် System မျိုးဖြစ်တာကြောင့် တော်တော်လေးစမတ်ကျပါတယ်။

ဒါ့အပြင် အချိန်၊ ရာသီဉတုအခြေအနေ ကိုလိုက်ပြီး System ကမောင်းသူအဆင်ပြေအောင်ဆောင်ရွက်ပေးဉီးမှာဖြစ်ပါတယ်။ ဉပမာပြောရရင် ရာသီဉတုအရမ်းအေးနေတဲ့အချိန်မှာ မောင်းသူ ကားမမောင်းခင် Steering Wheel ကိုကြိုအပူပေးထားတာတို့၊ ထိုင်ခုံတွေကိုနွေးအောင်ပြုလုပ်ပေးတာတို့ အစရှိတာတွေပါ။ နောက်တစ်ခုကတော့ The Intelligent Phone Reminder function ပါ။ သူတော့ Phone Reminder ဆိုတဲ့အတိုင်း ကားပေါ်မှာ ဖုန်းကျန်ခဲ့တာနဲ့ သတိလှမ်းပေးမှာပဲဖြစ်ပါတယ်။

4G Wi-Fi Hotspot, Pro Services နဲ့ Navigation Pro အစရှိတာတွေပါဝင်တဲ့ Smart Settings ကလည်း မောင်းသူကို Jaguar ရဲ့ Connect Pro Pack နဲ့ဖုန်းကိုချိတ်ဆက်အသုံးပြုနိုင်အောင်ဖန်တီးပေးပြီး Street View နဲ့ ပါကင်ရှိ/မရှိစစ်ဆေးနိုင်အောင်လည်း ပြုလုပ်ပေးဉီးမှာဖြစ်ပါတယ်။ တကယ်ကို လိုက်ရောညီထွေမှုရှိတဲ့ AI နည်းပညာပါပဲ.. ပိုပြီးမြင်သာအောင် အောက်က ၁ မိနစ်စာ ဗီဒီယိုလေးတွေကို ခံစားလိုက်ပါဉီးခင်ဗျာ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories