June 19, 2018

We ❤️ New Cars!

New Car News in Burmese

Jaguar Myanmar ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ ကားချစ်သူတော်တော်များများကိုစွဲဆောင်ထားပြီး ဝယ်ယူအားပေးသူအများအပြားပိုင်ဆိုင်ထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ဝယ်ယူအားပေးသူတွေကြောင့် ရောင်းအားမြှင့်တက်လာတဲ့ Jaguar Myanmar ဟာ ဝယ်ယူသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သင်္ကြန်ပရိုမိုးရှင်းအစီအစဉ်တစ်ခုကိုဖန်တီးလိုက်ပြီပဲဖြစ်ပါတယ်။ Jaguar XF ကားအမျိုးအစားကို ကျပ်သိန်း ၄၀၀ စျေးလျော့ပေးမယ့် အထူးပရိုမိုးရှင်းအစီအစဉ်ပါ။

XF series အမျိုးအစားထဲကမှ အမြင့်ဆုံး Series Portfolio ဂရိတ်ကို ကျပ်သိန်း ၄၀၀ လျော့စျေး (မူလစျေး USD $130,000 မှ ပရိုမိုးရှင်းစျေး USD $100,000) နဲ့ဝယ်ယူနိုင်မှာပါ။ XF Portfolio ဂရိတ်မှာ အင်ဂျင်ပါဝါ 2.0 L ပါဝင်ပြီး 8 Speed Automatic Paddle Shift နဲ့အားဖြည့်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နောက်ဆုံး နည်းပညာနဲ့ Feature အသစ်တွေကိုလည်းတွေ့မြင်ရဉီးမှာဗျ။

ပရိုမိုးရှင်းကာလကိုတော့ ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိအချိန်ကာလကန့်သတ်ထားပါတယ်။ ပရိုမိုးရှင်းလျော့စျေးနဲ့ XF ကို ဝယ်ချင်ပေမယ့် လက်ထဲမှာ ငွေလက်ငင်းမရှိရင်တော့ အရစ်ကျဝယ်ယူခွင့်ပေးထားတာကြောင့် စွန်းမိုက်ပြီလေ.. သိန်း ၄၀၀ သက်သာဖို့ မိတ်ဆွေအနေနဲ့ လက်မနှေးဖို့တော့လိုအပ်ပါတယ်။

 

 

 

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories